Chapter-5

31 3 0
                                    

[1]Georgy Apollonovich Gapon သည် စိန့်ပီတာဘတ် ရဲဌာန၏ ထင်ရှားသောကြွက်တစ်ကောင်ဖြစ်သည်။ သူက ရဲဝန်ထမ်းတစ်ဦးကို ခြောက်လှန့်ရန်ကြိုးစားခြင်းကို လုံခြုံရေးကင်မရာပေါ်တွင် ဖမ်းမိခဲ့တာကြောင့် YouTube တွင်လူသိများသည်။ ရှဲ့ယွီချန် ထိုကြွက်ကိုတွေ့ရဖို့အတွက် ဆန္ဒစောနေခဲ့သည်။ လာဘ်ကောင်တစ်ကောင်ပဲဆိုတဲ့ဖြစ်နိုင်ချေကမြင့်မားတယ်ဆိုတာသူသိပေမဲ့လည်း လူမြင်ကွင်းမှာ Geogry Apollonovich Gapon ကိုတွေ့ခဲ့ရတာ နှစ်အနည်းငယ်ရှိပြီ ဖြစ်သည်။

စိန့်ပီတာဘတ်၏ ဆောင်းရာသီက အလွန်ပင်ကြမ်းတမ်းသည် ဒါကြောင့် သူအပူပေးအပေါက်တွေအတွင်းမှာပင် သေသွားနိုင်သည်။ ဘုရားကျောင်းမှ လူတွေမှုတွေကို မှတ်တမ်းတင်ရန် အချိန်ကြာလိမ့်မည်ဖြစ်ပြီး ရုရှား ပြည်သူ့ဝန်ဆောင်မှုစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း အတော်လေးအားနည်းသည်။ ယခုတွင်တော့ သူစစ်ကြောရေးအခန်းထဲမှာ ထိုင်နေပြီး စစ်ဆေးမေးမြန်းသူအား ဖြစ်ရပ်မှန်အနည်းငယ်ကိုပြောပြနေသည်။

ကံကောင်းစွာပဲ ယခုခေတ် စောင့်ကြည့်ရေးစနစ်များသည် တိုးတက်လာပြီဖြစ်သည်။ ထို့အတွက် သူနှင့် ဟေးယန်ကျင်းတို့ ထောင်ထဲသို့အပို့မခံရမည်မှာ သေချာသလောက်ပင်။ ဒီအကြောင်းအရာက နောက်ဆုံးတော့ တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး အဖြစ်အပျက်ကတော့ သူတို့တွေးထားသလိုမဟုတ်ရ။ လူတွေက ဇာတ်လမ်းအား သူတို့တွေ ဘုရားကျောင်းအတွင်းဝင်သွားပြီးနောက် စိတ်လှုပ်ရှားစရာကောင်းပြီး ပြင်းထန်သည့်အရာမျိုးဖြစ်ရန် မျှော်လင့်နေခဲ့ကြသည်-အဲ့ဒါက Orthodox ဘုရားကျောင်းနယ်မြေအတွင်း နောက်ဆုံးတော့ လှပပြီးရှုပ်ထွေးသော ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သည်- သို့သော် အမှန်တကယ်မှာတော့ အဖြစ်အပျက်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်စေပြီး ဆိုးရွားသည်။

တကယ်လို့ သူ ဒါမှမဟုတ် ဟေးယန်ကျင်းတစ်ယောက်ယောက်ကသာ ဘုရားကျောင်းထဲ တစ်ယောက်တည်းဝင်သွားခဲ့လျှင် သူတို့အပြင်သို့ထွက်မလာနိုင်မည်မှာ အမှန်ဖြစ်သည်။ သူတို့နှစ်ဦး၏ခန္ဓာကိုယ်အတွင်းမှာ အလွန်ပြင်းထန်သော အဆိပ်အတောက်တွေရှိနေခဲ့သည်။ ရှဲ့ယွီချန်အား သယ်ထုတ်လာပြီးသည့်နောက် ဟေးယန်ကျင်း coma ဝင်သွားခဲ့သည်။ ထို့အတွက် သူ၏နောက်ဆုံးလက်ကျန်ခွန်အားကိုသုံးပြီး အစောပိုင်းက ဆားများဖြူးနေသောအဘိုးအိုအားတွေ့သည်အထိ နှင်းများထဲတွင် ရှဲ့ယွီချန် တစ်ကီလိုမီတာ‌တွားသွားခဲ့ရသည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးစလုံး ကယ်တင်ခြင်းခံခဲ့ရသည်။ ဤနှင်းကိုဖြတ်၍လာရ‌သော တစ်ကီလိုမီတာ စွတ်ကြောင်းသည် သွေးများဖြင့်ပြည့်နေခဲ့သည်။ အကယ်၍သူသာ နည်းနည်းနှေးပြီးသွားတွားမိပါက အေးစက်သည့်ထိုလေထဲတွင် ဟေးယန်ကျင်း ခဲသေသွားလောက်သည်။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now