Chapter-2

50 5 0
                                    

ဘုရားကျောင်း ကြမ်းပြင်အောက်၌ရှိသော ကျောက်တလားများသည် လူတစ်ယောက်အရပ်တစ်ဝက်ခန့်မျှမြင့်ပြီး ၁၈၀၀ ပြည့်နှစ်များကတည်းကရှိနေသည့် အနံအသက်များဖြင့်ပြည့်နေသည်။ အရပ်ရှည်သောလူ အောက်သို့ရောက်သွားသည့်အခါ စကျင်ကျောက်ကြမ်းပြင်သည် ထူလွန်းသည့်အတွက် အပူသည်အောက်ထဲထိ မကူးလာနိုင်သည်ကို သတိထားမိလိုက်သည်။ ရလဒ်အနေနှင့် မြေအောက်ခန်းသည် အလွန်ပင်အေး၍နေသည်။ အပေါ်ထပ်ကြမ်းပြင်အား ထောက်ထားသည့် ကျောက်တုံးများသည် ဤနေရာတွင် မဏ္ဍိုင်တစ်ခုသဖွယ်ရှိနေပြီး မြေပြင်ရှိသဲမြေများကိုတော့ မညီညာသော အခင်းကျောက်ပြားများဖြင့်ဖုံးအုပ်ထားသည်။

သီးသန့်ဝတ်ပြုဆောင်ရှိ မီးရောင်များသည် အောက်ဘက်ကို stage မီးများကဲ့သို့ထိုးကျနေကြသည်။ ထို့အတွက် နေရာတစ်ခုထဲကသာ အလင်းရောင်ရရှိပြီး အခြားသောနေရာတွေမှာတော့ မှောင်မိုက်ခြင်းအတိနှင့်ပင်။ အပေါက်ထဲသို့ ထိုမျှလောက်အထိရှိသော အပူများဝင်ရောက်လာခြင်းက တဖြည်းဖြည်းတက်လာသောအပူချိန်ကို ခံစားမိ‌စေနိုင်သည်။ အရပ်ရှည်သောသူသည် သီးသန့်ဝတ်ပြုခန်း၏ ကြမ်းပြင်ရှိအပေါက်အောက်ခြေတွင် ပျက်စီးနေသော ကျောက်တလားအဖုံးကို ဝေ့ကြည့်လိုက်သည်။

အထဲတွင်ရှိသောအရာတစ်ခုမှ တွန်းဖယ်ခြင်းခံခဲ့ရမည်ဖြစ်သော ကျောက်တလား၏အဖုံးသည် အပိုင်းနှစ်ခုအဖြစ် ရိုက်ချိုးခံထားရသည်။ လုံးဝအေးခဲနေသော ရှုံ့တွနေသည့် အလောင်းကောင်တစ်ခုသည် ကျောက်တလားထဲတွင် ရှိနေသည်။ ထိုအလောင်းတွင် မုတ်ဆိတ်မွှေးများရှိနေပြီး ကောင်းမွန်စွာထိန်းသိမ်းထားသောဆံသားများရှိသော်လည်း ၎င်း၏ အဝတ်အစားများကတော့ ဓာတ်တိုးကာအနက်ရောင်အဖုများရှိနေသည်။

၎င်းက အခေါင်းရဲ့ ပိုင်ရှင်ဖြစ်နိုင်သည်။ ထိုလူ ဤအခေါင်းထဲတွင် ခန္ဓာကိုယ်ကိုဝှက်ခဲ့တဲ့အချိန်တုန်းက အခေါင်းပိုင်ရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်တင်ထားခဲ့ခြင်းဖြစ်နိုင်သည်။ နှစ်ခြောက်ဆယ်လောက် ဒီကျောက်သေတ္တာထဲမှာ အတူအိပ်နေခဲ့ရတာ သူတို့နှစ်ဦးကြားမှာ ခံစားချက်တွေများဖြစ်လာနိုင်မလား... သူစူးစမ်းမိသည်။ ဘုန်းတော်ကြီးသည် အပေါ်မှနေ၍ သူ့ကိုခေါ်လိုက်၏။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now