Chapter-9

15 3 0
                                    

လေထုမှာ အလွန်အေးလှသည်။ လေယာဉ်ပေါ်ကဆင်းလာပြီးနောက်မှာ ကားတစ်စီးကသူတို့သုံးယောက်အား မြို့လယ်ကိုဖြတ်ကာ ကာဝါဂူချီရေကန်သို့ခေါ်ဆောင်သွားခဲ့သည်။

ညခင်းဘက်လမ်းများမှာ မီးရောင်များစွာနှင့်ပြည့်လို့နေသည်။ ရှဲ့ယွီချန်နှင့် ဟေးယန်ကျင်းတို့ဘာစကားမှ မပြောကြပဲ အပြင်ဘက်ကိုသာကြည့်နေခဲ့ကြသည်။ ကားဟာ သက်လတ်ပိုင်းအရွယ်ရုရှားလူမျိုးတစ်ယောက်စောင့်နေသည့် ထောင့်တစ်နေရာမှာရပ်သွားသည်။ ကားပြတင်းဟာ အောက်ကျသွားပြီး ရုရှားလူမျိုးက သူတို့လေးယောက်အား ဘယ်Brand မှန်းမသိရတဲ့ စီးကရက်ဘူး လေး၊ ငါးဘူးပေးလာခဲ့သည်။

ထို့နောက် ကားတင်ပြတင်းပေါက်ပြန်တင်လိုက်ပြီး ထွက်လာခဲ့သည်။ ကားအနောက်ကြည့်မှန်ထဲတွင် သူတို့ထွက်သွားသည်ကိုကြည့်နေသည့် ရုရှားလူမျိုးကိုမြင်နိုင်သည်။

" မင်းတို့နှစ်ယောက်က ဆေးလိပ်သောက်ရတာ စွဲလမ်းနေလိမ့်မယ်လို့ မသိခဲ့ဘူး။ ဒါက ဒီအချိန်ခဏလေးအတွင်းမှာ ငါတို့ပြင်ဆင်နိုင်တာအကုန်ပဲ " ကျန့်ကျင်ယင်း ပြောလိုက်သည်။

ဟေးယန်ကျင်းက ဆေးလိပ်ဘူးထဲကတစ်ခုကိုယူကာ သူ့အတွက်နှစ်လိပ်ယူလိုက်ပြီးကျန်တာကိုရှဲ့ယွီချန်ဆီ ပစ်ပေးလိုက်သည်။ ကျန့်ကျင်ယင်းဆက်ပြောသည် " ဒီကားက လေဝင်လေထွက်စနစ်ရှိတယ် ဒါကြောင့် ဆေးလိပ်သောက်လို့ရတယ် "

" မင်းနားလည်မှုလွဲနေပြီ ငါတို့နောက်ပိုင်းမှာ ဒါတွေကိုသုံးမှာ "

ဟေးယန်ကျင်းက သူ့ဆေးလိပ်တွေထဲမှတစ်ခုကိုဖြဲလိုက်ပြီး စီးကရက်ကိုထုတ်ကာ သေသေချာချာကြည့်လိုက်သည်။ စီးကရက်တွေအပြင် မီးခြစ်လည်းပါလာသေးသည်၊ အားလုံးက လေကာတွေဖြစ်သည်။ သူကထိုအရာတွေကိုလည်း စမ်းကြည့်လိုက်သေးသည်။

နောက်တော့ နှစ်ယောက်လုံးက စီးကရက်တွေကို သူတို့အိပ်ကပ်ထဲထည့်လိုက်ကြသည်။

ဟေးယန်ကျင်းဘာကိုဆိုလိုတာလဲဆိုတာကို ကျန့်ကျင်ယင်းနားမလည်ပေမဲ့ မမေးတာအကောင်းဆုံးဖြစ်မယ်လို့ ထင်လိုက်သည်။

" မန္တန်အသုံးပြုသူက သူတို့မန္တန်ရဲ့ အရေးကြီးမှုကိုမသိဘူး ဒါကြောင့်ငါတို့ရဲ့ သတိပေးမှုကိုမြင်တဲ့အခါ ရပ်လိုက်တာပဲ " ရှဲ့ယွီချန်ပြောသည်။

" သူတို့ကို လှည့်စားခဲ့တဲ့သူကိုပဲ သူတို့မေးသင့်တယ်။ ငါမှန်းတာသာမှန်မယ်ဆိုရင် သူတို့မေးခွန်းတွေစမေးလိုက်တာနဲ့ သူတို့တွေနှုတ်ပိတ်ခံရလိုက်မယ် ဒါကြောင့် ဒီနေ့နောက်ပိုင်းကစပြီး တိုကျိုမှာဖြစ်တဲ့ လူသတ်မှုတိုင်းကို စစ်ဆေးသင့်တယ် "

" သူတို့တိုကျိုမှာရှိနေလိမ့်မယ်ဆိုတာ မင်းဘယ်လိုလို့သိတာလဲ  သူတို့ ကျွန်းတစ်ကျွန်းပေါ်မှာရှိနေတာလည်း ဖြစ်နိုင်တာပဲ " ဟေးယန်ကျင်း ပြေသည်။ " ငါနောက်မှရှင်းပြမယ် " ရှဲ့ယွီချန်နောက်ဘက်ကို မှီချလိုက်ပြီး သူ့မျက်လုံးတွေကိုပိတ်လိုက်သည်။

ဟေးယန်ကျင်း နောက်ထပ်မမေးတော့။ ထိုအချိန်မှာပဲ ကျန့်ကျင်ယင်း ရုတ်တရက်ပြောလာသည် " ငါတို့တွေ မင်းတို့အတွက် ဧည့်သည်ခန်းတွေပြင်ဆင်ပေးပြီးသွားပြီး မင်းတို့မှာ ထူးခြားတဲ့ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်း ဒါမှမဟုတ် ညမအိပ်ခင် စားချင်တဲ့ညလယ် သရေစာတွေများလိုသေးလ ငါတို့ပြင်ဆင်ပေးမယ် "

ဟေးယန်ကျင်းက သူ့ကိုပြန်မဖြေပေ။ သူတို့တွေ မိန်းမောနေကြတယ်ဟု ထင်တာကြောင့် ကျန့်ကျင်ယင်းနောက်တစ်ခေါက်ပြန်မေးလိုက်သည်။

ရှဲ့ယွီချန်ပြန်ဖြေသည်  " တစ်ဘက်လူက အကြာကြီးသောင့်နေမှာ မဟုတ်ဘူး ဒီညမှ ဘယ်သူမှ အိပ်ပျော်နိုင်မှာမဟုတ်လို့ ဘာကိုမှပြင်ဆင်ပေးဖို့မလိုဘူး ပြီးဆော့ မင်းတို့ သခင်လေးအိမ်မှာ လတ်တလောတစ်ခုခုဖြစ်ထားတာများရှ်ိသေးလား ရှိခဲ့ရင် မင်းငါတို့ကိုပြောပြပေးနိုင်တယ် "

ကျန့်ကျင်ယင်းက  သာမန်မဟုတ်တဲ့ဟာ ဘာမှမရှိဘူးဆိုတာကိုဖော်ပြနေတဲ့ ခေါင်းခါပြနေသော ဒရိုင်ဘာကိုကြည့်လိုက်သည်။
 
" မဟုတ်ရင် အဲ့ဒါက မင်းတို့ သာမန်အနေနဲ့မမြင်နိုင်တဲ့နေရာမှာ ဖြစ်သွားတာပဲဖြစ်ရမယ် " ရှဲ့ယွီချန်ပြောလိုက်သည် " အရေးမကြီးပါဘူး မင့်သခင်လေးရဲ့ အတတိတ်ကိုငါ့ကိုပြောပြ အသေးစိတ်လေလေ ကောင်းလေလေပဲ "

" အာ "
ကျန့်ကျင်ယင်းကိုကြည့်ရတာ အလွန်ခက်ခဲတဲ့တာဝန်တစ်ခုလိုပဲ ဆွံ့အနေတာကိုတွေ့ရသည်။ ကြည့်ရတာ သူ့အတွက်ဘယ်ကစရမယ်မှန်း ရှာရတာခက်ခဲနေပုံပင်။
" ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါထင်တာ မင်းတို့မသိတာပိုကောင်းမယ်လို့ ထင်တယ် "

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now