Chapter-11

22 3 2
                                    

ဒါကတကယ်ကို ကြီးမားတဲ့အိမ်ကြီးဖြစ်ပြီး အစေခံတွေအားလုံးက  ဝင်ပေါက်နှင့်နီးသည့်နေရာတွင်စုစည်းနေကြသည်။ အထဲသို့ဝင်လာပြီး ရှုပ်ထွေးလှတဲ့ ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်လာပြီးနောက် အလင်းတွေကမှိန်လာခဲ့သည်။

အဓိကဆောက်အဦက တောင်နောက်ဘက်မှာရှိနေတုန်း ဒီနေရာက ဘုရားကျောင်းတစ်ခုကနေ ပြန်ဆောက်ထားတာဖြစ်မယ်လို့ ဟေးယန်ကျင်းချက်ချင်းနားလည်လိုက်သည်။ ထိုဟာက ဒီနေရာကထက်ပိုမြင့်တာကြောင့် မြင့်နေသည့်ပုံပေါ်နေရခြင်းဖြစ်သည်

အလင်းရောင်များမှာ ပြတ်တောင်းပြတ်တောင်းနှင့်ပြန့်ကျဲနေတာကြောင့် အဆောင်အဦကြီးမှာကြီးမားလှသောသတ္တဝါကြီးနှင့်တူသည့်ပုံပေါ်နေအောင် အခြားသောနေရာများမှာမှောင်မိုက်နေလေသည်။ သူ့ရဲ့ ရှု့ထောင့်ကနေတော့ ထိုအရာမှာ မညီညာတဲ့မျက်လုံးများရှိသော ကြီးမားလှသည့် ပင့်ကူကြီးတစ်ကောင်နှင့်တူပေသည်။

သူဖြတ်သွားနေသည့်ဧရိယာမှာ တွေ့မြင်နေကျဘုရားကျောင်းပုံစံမျိုးရှိပိုရသဘ်။ တကယ်လို့မင်းကော်ရစ်ဒါတစ်လျှောက်သွားလိုက်ရင် မင်းအဓိကခနိးမှထဲ ဒမဟုတ်ရင် လမ်းဆုံတစ်ခုကိုယူပြီး အဓိကအဆောက်အအုံထဲဝင်ဖို့ တောင်ပေါ်တက်သွားနိုင်တယ်။

 
အဆောက်အဦရဲ့ တည်ဆောက်ပုံက စကားနဲ့ရှင်းရှင်းလင်းလင်းဖော်ပြဖို့ အရမ်းကိုရှုပ်ထွေးလွန်းတယ် ဒါကြောင့်မင်းစိတ်ကူးကိုသုံးပြီး ပုံဖော်ကြည့်ကြ။
ကော်ရစ်ဒါထဲမှာရှိတဲ့ အလင်းရောင်တွေကမှိန်ပေမဲ့လည်း ဟေးယန်ကျင်းအတွက်တော့လင်းလွန်းနေသေးသည် ဒါပေမဲ့ သူကော်ရစ်ဒါတစ်လျှောက်သွားလိုက်တာနှင့် မီးတွေပိတ်ကျကုန်ကြသည်။

ကြည့်ရတာ တစ်စုံတစ်ယောက်က အစေခံတွေကို မီးပိတ်ဖို့ သတိပေးလိုပ်တဲ့ပုံပဲ။ ဒီဘော့စ် သူ့အတွက်လိုလိုလားလားရှိတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရလောက်အောင် စဥ်းစားပေးတတ်တာပဲ။

သေချာတာပေါ့ သူ့အတွက်အကောင်းဆုံးပတ်ဝန်းကျင်ကတော့ အုပ်မိုးနေတဲ့ သစ်ပင်ကြီးတွေရဲ့အရွက်တွေကြားက ဖြာကျလာတဲ့လရောင်ရှိတဲ့ တောကြီးမျက်မည်းတွေပဲ။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now