Chapter-8

23 5 1
                                    


ပုံမှန်လူဘယ်သူမဆို လေယာဥ်ရဲ့တောင်ပံအောက်မှာ တစ်ယောက်ယောက်ရှိနေခဲ့မယ်ဆိုရင် အဲ့ဒီသူက လူသေပဲဖြစ်ရမယ်ဆိုတာ သိနိုင်သည်။ ပင်လယ်မျက်နှာပြင်ထက်မှ မြင့်မားသည့်နေရာဆိုသည်မှာ အောက်ဆီဂျင်ပြတ်လတ်နေပြီး အလွန်အမင်းအေးခဲနေမှုက သေဆုံးခြင်းသို့တိုက်ရိုက်ရောက်သွားစေနိုင်သည်။

ထို့နောက် အရိပ်၏ ခပ်မည်းမည်းပုံသဏ္ဍန်ကိုကြည့်ခြင်းအားဖြင့် ဤလူမှာ လေယာဥ်၏ အရွက်အောက်မှာရှိနေရမှာဖြစ်ပြီးရေခဲအဖြစ်အေးခဲနေသည့် ‌  လေယာဥ်ဘီးဆင်းသက်သောဂီယာပေါ်မှာရှိနေရမှာမဟုတ်ပေ။

ပထမတော့ သူမျက်စိမှောက်နေသည်ဟု  ရှဲ့ယွီချန်ထင်လိုက်သေးသည် သို့သော် သူလေယာဥ်ရဲ့အခြားတစ်ဖက်ကို စစ်ဆေးကြည့်လိုက်သည့်အချိန်မှာ တစ်ခုခုက လွဲနေပြီဆိုတာကိုတွေ့လိုက်ရသည် အခြားတစ်ဖက်မှာ ဒီလိုအရိပ်မျိုးမရှိချေ။

ဟေးယန်ကျင်းကလည်း ထိုအချိန်မှာ အဲ့ဒါကို သတိထားမိခဲ့ပြီး လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်က ကြည့်မိလိုက်ကြသည်။

"ထမင်းအိုးလား" ဟေးယန်ကျင်းမေးလိုက်သည်။

ရှဲ့ယွီချန်ခေါင်းခါလိုက်သည်။ အကယ်၍ဒီလို private business  ဂျက်လေယာဉ်ရဲ့ တောင်ပံရွက်အောက်မှာ လူတစ်ယောက်ပုန်းနေမယ်ဆို စပျံသန်းလာကတည်းက ရှာတွေ့ခဲ့ရမည်ဖြစ်ပြီး ယခုချိန်ထိတည်ငြိမ်စွာပျံသန်းလာမည်မဟုတ်။ ဒါက အခြားတစ်ဖက်မှာ ကီလို၅၀ ကျော်သွားတာနဲ့ပြဿနာဖြစ်လာမဲ့  A380 မတူပေ။

ဒီတစ်ကြိမ်မှာတော့ သူတို့အပြင်ဘက်ကိုတွယ်တက်သွားလို့မရကြ၊ ထို့ကြောင့် ရှဲ့ယွီချန်က အမျိုးသမီးအိုကြီးအား အပြင်ဘက်တွင်တပ်ထားသည့် ကင်မရာရှိမလားမေးကြည့်လိုက်သည်။ ကုမ္ပဏီပိုင်ဂျက်လေယာဥ်က တကယ်ကိုစဥ်းစားပေးတတ်သည်။ သူတို့ကကပ္ပတိန်ကို ကင်မရာလမ်းကြောင်းအား လေယာဉ်၏အစိတ်အပိုင်းတစ်နေရာသို့ ပြောင်းလိုက်သည်—အမှန်မှာတော့ အဲ့ဒါက ကြီးမားလှတဲ့ TV စုံလိုက်ကြီးပဲ–ပြီးတော့ အရိပ်က လူမဟုတ်ပဲ ကြီးမားလှတဲ့နှင်းခဲတုံးကြီးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
လေယာဉ်တောင်ပံ၏အောက်ခြေနေရာသည် နှင်းခဲများထူထပ်နေကာ ရေခဲအပိုင်းအစတစ်ခုက ထိုးထွက်နေသည်။ သို့သော် ဒီရေခဲအပိုင်းအစက လူပုံလူပန်းသဏ္ဍန်ဖြစ်ပေါ်နေသည်။

ပန်းဖုံးသောညအားဖြတ်သန်းလျက်: အသံမပေးရောက်ရှိလာလေသောအဆုံးသတ်Where stories live. Discover now