"ပုစိရေ ပုစိ ဟေး ပုစိ"
အိမ်ထဲဝင်လာပြီး အိတ်ကိုပစ်ချ မျက်လုံးကအရင်လိုက်ရှာမိတာက ကျွန်တော့်ပုစိအသေးလေး။ ဒင်းလေးက စရောက်ကတည်းက ကျွန်တော်ထူးတိုင်းမခေါ် အဲ ခေါ်တိုင်းမထူးတာ အခုချိန်ထိ။ ဘယ့်နှယ် ပါပီလေးတွေ အသံမထွက်တာ ကြားကိုကြားဖူးပေါင်ပါဗျာ။
အခုလည်း ကျွန်တော့်မှာရှာပုံတော်ဖွင့်ရပြန်ဦးမယ်။
"ပုစိရေ ပုစိ အသေးလေး မင်းဘယ်ရောက်နေတုန်းကွ"
ဧည့်ခန်းထဲ မရှိ။
မီးဖိုခန်းထဲလည်း မရှိ။
နောက်ဘေးတွေဘာတွေများရောက်နေသလားဆိုပြီး သွားကြည့်ကြည့်တော့လည်း မရှိ။နောက်ဆုံး ကျွန်တော်လည်းလက်မှိုင်ချပြီး ချွေးတလုံးလုံးနဲ့အင်္ကျီကို လဲမယ်ဆိုပြီး အိပ်ခန်းထဲဝင်မှ ဟော သွားတွေ့တယ်။ တွေ့တွေ့ချင်းလည်း တခြားပါပီလေးတွေလိုမျိုး ဒီသခင်ကိုလာကြိုမယ်ထင်လား။
အမလေး မထင်လိုက်နဲ့။ အဲ့ပေါက်စက ဘာလုပ်နေတယ်ထင်လဲ။ လာကြိုဖို့မပြောနဲ့ အိပ်နေတာများ ကျွန်တော့်အခန်းကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး။
"ပုစိရေ အိပ်ပျော်နေတာလား"
အနားသွားပြီးကြည့်တာ တစ်စက်မှမလှုပ်။ မျက်လုံးကြီးပါမှိတ်ထားသေးတာများဗျာ ကျုပ်သာခွေးသူခိုးဆို ဒီပေါက်စပါသွားလောက်ပြီ။
ငိ ဒီပေါက်စလုပ်မှ ကျွန်တော်ပါခွေးသူခိုးဘဝရောက်ကုန်ပြီဗျာ။
"အားဂူး ဒီဗိုက်ပူပူတုတ်တုတ်လေးက မိုးပေါ်လေးထောင်နေတာပဲ ကိကျိကိကျိ"
ပူထွက်နေတဲ့ဗိုက်လုံးလုံးလေးကိုကြည့်ရင်းကြည့်ရင်း အူယားလာလို့ လက်ညှိုးလေးနဲ့တို့ပြီး အူကလိထိုးလိုက်မိတာ ပုစိရဲ့မှိတ်ထားတဲ့မျက်လုံးကြီးကအော်တိုပွင့်လာပြီး မျက်စောင်းကြီးကပါ ဒိန်းခနဲရောက်လာပါရော။ ကျွန်တော်အတော်လေးလန့်သွားတာဗျ။ ခင်ဗျားတို့မသိလို့။ အဲ့ပုစိမကြည်ကြည့်ကြည့်နေတာများ ထပ်လုပ်ရင် ကျွန်တော်သေပြီနော် ဆိုတဲ့အကြည့်ကြီးနဲ့ဗျ။
"ဟီး"
သွားဖြဲပြပြီးရယ်ပြလိုက်တော့မှ နှာတစ်ချက်မှုတ်ပြီး ဟိုဘက်လှည့်သွားသော ကျွန်တော့်အသေးလေး။ ကျွန်တော် ဂျွန်ဂျောင်ကုကြီး ရိပ်မိလိုက်ပါပြီခင်ဗျာ။
YOU ARE READING
Treasure Love 𐤀 [Completed]
FanfictionUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?