အချစ်များမွေ့ပျော်ရာ ကမ္ဘာ‌ငယ် 🔞

919 61 9
                                    

တဖြည်းဖြည်းနဲ့ နေမင်းကြီးဟာတိမ်သားနံရံတွေအောက်ဝင်ရောက်ပျောက်ကွယ်သွားနေခဲ့ပြီ။ ကျယ်ပြန့်လှတဲ့ကျူးလစ်ပန်းခင်းကြီးအလယ်မှာတော့ ကောင်လေးနှစ်ယောက်ဟာ အကြင်နာတွေနှင့်လှပနေတုန်း။

"ထယ်ထယ်"

"ဟင်"

ပါးပြင်လေးကိုခပ်ဖွဖွနမ်းကာ ဂျောင်ကု အနမ်းတွေကိုရပ်တန့်လိုက်သည်။

"အိမ်ထဲဝင်ရအောင်နော် အေးလာပြီ"

ခေါင်းလေးသာငြိမ့်ပြတဲ့ကောင်လေးရဲ့ နှဖူးလေးအားမြတ်နိုးစွာ နှလုံးသားစေသောအနမ်းဖြင့်ပေးမိပြန်၏။ အေးစက်နေသောလက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း ထိုနေရာမှ သူတို့နှစ်ဦးပြန်လာခဲ့သည်။ လက်သွယ်သွယ်ထက်က ဆင်တူလက်စွပ်လေးဟာလည်းလှပလို့ပေါ့။

"ဟတ်ချိုး!"

အိမ်ထဲဝင်ပြီးကော်ဖီပူပူလေးလုပ်နေတုန်း ချီလိုက်တဲ့ပုစိ။

"ပုစိ ဒီမှာ ကော်ဖီလေးသောက်လိုက်ဦး"

"ဟုတ်"

ကြည့်ရတာအအေးပတ်သွားလားမသိ။ နှာထိပ်လေးတွေကနီရဲလာချေပြီ။

"ခဏလေးနော် ပုစိ"

"ဟုတ်"

ကော်ဖီပူပူလေးပေးပြီးထွက်သွားတဲ့ကိုကို။ ခရင်အပြည့်နှင့်ကော်ဖီပူပူလေးက ခံတွင်းတစ်ခုလုံးရှင်းသွားစေတာအမှန်။ အခုမှလူကနွေးသွားသလိုပဲ။

"ဟင်"

တစ်ခဏကြာကိုယ်ခန္ဓာထက်လွှားခနဲရောက်လာသော အိစက်နေတဲ့ဂွမ်းစောင်လေး။ ကြည့်လိုက်မိတော့ ကိုကိုပေါ့။ ခန္ဓာတစ်ခုလုံးကို လုံအောင်သေချာပတ်ပေးနေခဲ့တာ။

"နွေးသွားပြီလား ကလေး"

"ဟုတ်"

ဆိုဖာပေါ်မှာဒူးလေးထောင်ရင်း ပုံ့ပုံ့လေးထိုင်နေတဲ့အူကြူးလေးကို စောင်နဲ့သေချာပတ်ခြုံပေးလိုက်တော့ တကယ့်ကိုဖက်ထုပ်လုံးလေးအတိုင်း။ ခုမှပေါင်းထားတဲ့ ဖောင်းတုတ်နေတဲ့ဖက်ထုပ်လုံးလေးပဲကွာ။ ဝါးစားပစ်ချင်လာပြီ။ မဟုတ်ဘူး အကောင်လိုက်လေးငုံထားပစ်ချင်လာပြီ။

Treasure Love 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang