"ဂျွန်ထယ်ထယ် ဘယ်လိုဖြစ်လို့အဲ့လောက်တောင်ပေကျံနေရတာလဲ ဟမ်!!
ခြံထဲဆင်းဆော့ထားပြန်ပြီမလား ပြောစမ်း
ညစ်ပတ်အိုးပုစိ!!"အော်နေသော်လည်းတုန်လှုပ်ပုံမပြသည့်အပြင် ဒင်းလေးက ကျွန်တော့်ကိုဆက်ကြည့်နေလိုက်သေး။ နောက်ဆုံးတော့လည်းစိတ်လျော့ရတာ ဟောဒီကကောင်ကြီးပါပဲ။ နိုင်မှမနိုင်တာ လျော့ရတော့တာပေါ့။
"ဟူးးး တော်လိုက်တော့ လာ ရေချိုးမယ်"
ခြေရာတွေဗလပွနဲ့ မည်းတူးကျွတ်လိမ့်နေတဲ့ ပဲပေါင်မုန့်လုံးလေးကို ရေချိုးပေးရတော့မည်။ ကြည့်နေတဲ့ ပုစိကိုကောက်ပွေ့လိုက်ရင်း ရေချိုးကန်ဆီသို့။
မချီခင်လည်း သေချာလုပ်ရသေးတယ်။ ပေပွနေတဲ့ဒီချောကလက်လုံးလေးကို အဖြူဝတ်ထားတဲ့ကိုယ့်အကျီနဲ့မထိစေဖို့။
"ဒီမှာခဏနေဦး ပေါက်စ"
"ဝုတ် ဝုတ်"
အမွှေးပွကော်ဇောထက်တင်ထားခဲ့လိုက်ပြီး အခန်းအပြင်ထွက်မယ်လုပ်တော့ လှမ်းခေါ်တဲ့ ပုစိပေါက်စ။
"ဘာတုန်း"
မျက်မှောင်ကြီးကြုံ့ကြည့်နေတဲ့ ဒီပုစိဘာတွေဖြစ်ပြန်ပြီလဲမသိ။
YOU ARE READING
Treasure Love 𐤀 [Completed]
FanfictionUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?