"အူကြူးလေးရေ ကလေးရေ ထတော့"
ခုထိအိပ်နေတဲ့ပုစိလေးကို ဂျောင်ကုနှိုးနေရပြီ။ နေ့လည်တောင်ရောက်နေပြီလေ။ ဒီကလေးဘာမှစားရသေးတာမဟုတ်ဘူး။
"နေ့လည်ရောက်နေပြီ အူကြူးလေးရ ဆက်မအိပ်နဲ့တော့နော်"
"ဟုတ်"
"ဟာ ပါပီလေးလားကွာ"
ကိုယ့်ရင်ဘတ်ကိုတရှုံ့ရှုံနမ်းနေတဲ့အူကြူးလေးကြောင့်လူကအသည်းယားလာပြန်ရော။
"ဟုတ်သားပဲ ပုစိကပါပီလေးပဲ ဟားဟား"
"ကိုကို့ရဲ့ ကိုယ်သင်းနံ့လေးကိုကြိုက်လိုက်တာ"
"ကဲ ထတော့ မျက်နှာသစ်ပြီးထမင်းစားရအောင်"
"ဟုတ်"
မျက်နှာသစ်ပြီးရေချိုးပေးတာကအစ ငြိမ်ငြိမ်လေးနေပေးတဲ့ကလေးလေး။ အားလုံးပြင်ဆင်ပြီးတော့ သေချာကြည့်မိတော့မှ ပါးမို့လေးကရဲတဲတဲဖြစ်နေတယ်။ စိတ်မထင်လို့စမ်းကြည့်တော့ ထင်တဲ့အတိုင်းကိုယ်လေးနွေးနေပြီ။ မဖြစ်ချေ။
"အာ မစားချင်ဘူး ကိုကိုရာ အခုပဲထမင်းစားပြီးတာကို ဟင့်အင်း မစားဘူးနော် မစားဘူး"
"မစားလို့မရဘူးလေ"
"ဗြဲ မစားချင်ပါဘူးဆို"
"အပိုတွေမလုပ်နဲ့ အူကြူးပေါက် မစားလို့မရဘူး ဟ"
"ဟင့်အင်း မဟဘူး မစားဘူး မကြိုက်ဘူးလို့"
"စားပါ အူကြူးလေးရာ ကောင်းတယ်"
"မစားချင်ပါဘူးဆို ကိုကို"
"မစားချင်လို့မရဘူး မနေ့ကကိုယ်ကြမ်းထားတာ နောက်ရက်တွေလည်းကြမ်းမှာမို့ အူကြူးလေးအားပြည့်နေမှဖြစ်မယ် စား"
"ဟင့်"
ပါးစပ်ထဲ အတင်းထိုးထည့်ခံလိုက်ရတဲ့ ငှက်ပျောသီး။ ကိုကိုပေါ့ ဘာမှန်းလည်းမသိဘူး။ ခုနကလည်း ထမင်းစားပြီးပြီးချင်း ရေမသောက်ရ။ သူတိုက်တဲ့ နွားနို့သောက်ရတယ်။ အခုလည်း ငှက်ပျောသီးကျွေးပြန်ပြီ။
အကြောင်းပြချက်က အားပြည့်အောင်တဲ့လေ။"လိမ္မာတယ် အူကြူးက"
မစားချင်သော်လည်း အတင်းထည့်ခံပြီးမှတော့မထူးတော့ စားရပြီပေါ့။
ESTÁS LEYENDO
Treasure Love 𐤀 [Completed]
FanficUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?