ဂျွန်ပုစိနဲ့မင်ပုကျိ

1.1K 106 13
                                    

"ပုစိ!! ဂျွန်ပုစိ!! ပုစိ ဘယ်မှာလဲထွက်ခဲ့စမ်း
ဂျွန်ထယ်ထယ်!"

ဝံ့ဝံ့ထယ်ထယ်အကိတ်‌ဖင်တုံးလေးကြောင့် ချက်ချင်းနာမည်ကောက်ပေးလိုက်တာ ထယ်ထယ်ဟူ၍။ အမယ် ဆိုးတော့မဆိုးပါဘူး။ ဂျွန်ထယ်ထယ် ဟင်း လှတော့လှသား။

"ဂျွန်ထယ်ထယ်! ပုစိ! ဘယ်ရောက်နေတာလဲ ထွက်ခဲ့စမ်း"

ကျေနပ်နေတာကိုအသာထားပြီး ဆက်ရှာတော့လည်း မတွေ့။ ဒေါသတွေအလိပ်လိုက်ထွက်လာတာတကယ်။ အဲ့ပုစိကိုကိုက်ဆွဲချင်လာပြီ။ ဘာတဲ့ ဖင်တောင်လှုပ်ပြသွားသေး။ ငါနော်။ အဲ့ဖင်လုံးလုံးလေးကိုတွေ့မှဆွဲကိုက်ပစ်ဦးမယ် ဟွင်းဟွင်း။

"ပုစိရယ် တွေ့ကြသေးတာပေါ့ တွေ့လို့ကတော့လေ ဆွဲညစ်ပြီးနမ်းပစ်မယ် ငါအသည်းတွေယားတာ သေတော့မှာပဲ"

ခြံတစ်ခုလုံးပတ်ရှာနေသော်လည်း အဲ့ပုစိကိုမတွေ့။ သူ့ဟာသူလုပ်ပြီး အခုဘယ်နားသွားပုန်းနေတာလဲမသိဘူး။

"ဂျွန်ထယ်ထယ် ထွက်ခဲ့လို့ပြောနေတယ်လေ
ဘယ်မှာလဲ ထွက်ခဲ့စမ်း ထယ်ထယ်ပုစိ"

ဒန်းနောက်မှာများလား။ ဒန်းနောက်ဘက်ကို ငုံကြည့်နေသော်လည်း မတွေ့ဘူး။

"ဂျောင်ကု ဘာတွေရှာနေတာလဲ..."

*ဒုန်း*

"အားးး သေပြီဟ! ဟင် ယွန်းဂီ"

"မင်းဘာလုပ်နေတာတုန်း"

မင်ယွန်းဂီဆိုတဲ့ကျွန်တော် တစ်ခါလေးသူငယ်ချင်းဖြစ်တဲ့ သူ့ဆီသွားမိပါတယ်။ အာဗြဲစိန်နဲ့အော်နေတဲ့ကျွန်တော့်သူငယ်ချင်း။ ကျွန်တော်ရောက်တာများသိမလားဆိုပြီးရပ်ကြည့်နေတာကို ဟိုသကောင့်သားကမသိတဲ့အပြင် ဘာကြီး ပုစိဆိုလား ထယ်ထယ်ဆိုလား အဲ့တာတွေအော်နေတယ်။ ဒါလားနိုင်ငံကျော်ရုပ်ရှင်မင်းသား။

တကယ်ပါ အိမ်မှာနေရင် အရင်ကအဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်လာတိုင်း သူ့ဟာသူအေးအေးဆေးဆေး စာအုပ်ဖတ်နေတတ်တာ။ အခုကျ ဗရုတ်သုတ်ခနိုင်ချက်က လက်ဖျားခါတယ်။

ဘာလုပ်နေတယ်ထင်လဲ ဒန်းအနောက်ဘက်ကိုကုန်းပြီးကြည့်နေတာ။ ဘာတွေရှာနေတာလဲမေးတော့ လန့်ပြီးအပေါ်ကဒန်းဇောင်းနဲ့သွားတိုက်ရော။

Treasure Love 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang