အိမ်ရှေ့စံမင်းသားများ

859 85 6
                                    

ပုစိကိုအထဲမှာထည့်ထားရင်း တံခါးကိုပိတ်ထားလိုက်မိတယ်။ မဖြစ်ချေ။ ဒီကောင်လေးကစေတန်လေး။ တတောက်တောက်သွေးကျနေတဲ့နှာခေါင်းကို လက်ဖဝါးနဲ့ဖိထားရင်း သွေးတိတ်သွားအောင်မော့ထားမိသော ကျွန်တော့်အဖြစ်ကိုပဲကြည့်။

"ဂျွန်ရေ ဖုန်းလာနေတယ်ဗျ!"

အခန်းထဲကပုစိပေါက်စကလှမ်းခေါ်နေပြီ။

"ထယ်ပုစိ ထိုင်နေနော်"

"ဟုတ်ကဲ့!"

ဘေးနား Tissue Boxထဲက တစ်သျှူးနှစ်ရွက်ထုတ်ပြီး နှာခေါင်းထဲထိုးထည့်ထားလိုက်သည်။ အခန်းတံခါးကိုဖွင့်ပြီးဝင်လာတော့ ပုစိကကုတင်ပေါ်မှာထိုင်လျက်။ ဒီကလေး ဆံနွယ်လေးတွေပြောင်းလဲသွားပြန်ပြီ။

"ဂျွန် လာလာ ဒီမှာဖုန်းလာနေတယ်"

"အင်း"

ဖုန်းယူလိုက်ပြီးကြည့်မိတော့ဆက်နေတာက ဟိုဆော့Hyung။ သူမသွားဖြစ်သော ဒီနေ့နေ့လည်ပွဲကြောင့်ဆက်သည်ဖြစ်မည်။

"ဟယ်လို Hyung"

"ဂျောင်ကု မင်းဘာလို့မလာတာလဲ"

"ကျွန်တော်နည်းနည်းနေလို့မကောင်းလို့ ပွဲကအခြေအနေဘယ်လိုဖြစ်သွားလဲ"

"အဓိကဇာတ်ဆောင်မင်းသားကမလာတော့ နည်းနည်းတော့အဆင်မပြေဘူးဖြစ်သွားတယ် နောက်ခါအဲ့လိုမဖြစ်စေနဲ့"

အဆူခံနေရပြီမို့ ဒီကိစ္စဖြစ်အောင်လုပ်တဲ့အကောင်ပေါက်စကိုမျက်စောင်းနဲ့လှမ်းကြည့်တော့ အမယ် သူကကုတင်ပေါ်ကနေ အရုပ်နဲ့ကွယ်ထားပြီး ကိုယ့်ကိုချောင်းကြည့်နေသေး။

"ဟုတ်ကဲ့

"အေးအေး ပြီးတာလည်းပြီးပြီဆိုတော့ စိတ်မပူနဲ့တော့ ဒီရက်ပိုင်းဟာတွေကိုတော့ Hyungကြည့်လုပ်ထားလိုက်မယ် နေလို့မကောင်းဘူးဆိုနားတော့ နောက်တစ်ပတ်ဆိုဇာတ်ကားအသစ်စတော့မှာ"

"ကျေးဇူးတင်ပါတယ် Hyung"

ဖုန်းချလိုက်ရင်း အကောင်ပေါက်စကိုစိုက်ကြည့်နေလိုက်တော့ ဟီးခနဲထရယ်လေရဲ။ အော် သူများအဆူခံရတာကို သူကရယ်နိုင်သေးတယ်။

"ဘာရယ်တာလဲ ဂျွန်ထယ်ထယ်"

"ဟီး ဂျွန်ကရယ်ဖို့ကောင်းလို့ မိန်းမကြီးကျနေတာပဲ"

Treasure Love 𐤀 [Completed]Where stories live. Discover now