"အီ...ဟင့်..."
နားတော့မလို့ကြံတုန်း ပုစိကိုကုတင်ပေါ်တင်ထားရင်း မျက်နှာသွားသစ်နေတာ အသံတိုးတိုးလေးထွက်လာတာကြောင့် ဒီအကောင်ပေါက်လေးကအီနေတာ ကျွန်တော်သိလိုက်တယ်။
"ပုစိ ဘာဖြစ်တာလဲ"
မျက်နှာသစ်ကာ အနားဆီသွားရင်း ကောက်ပွေ့လိုက်တော့ ရင်ခွင်ထဲအတင်းတိုးတဲ့ပေါက်စ။ လှဲအိပ်လိုက်ပြီးရင်ဘတ်ပေါ်တင်ထားလိုက်တော့ ငြိမ်ကျသွားပါလေရော။ ဖုန်းသုံးမလို့တွေးလိုက်သော်လည်း ချစ်ဖို့ကောင်းလွန်းတဲ့ ဖြူဖြူဖွေးဖွေးပိုးလုံးလေးကြောင့် မသုံးဖြစ်ခဲ့။ ပုစိဖြူဖြူလုံးလုံးလေးက ကျွန်တော့်မျက်စိရှေ့မှာလေ။
လက်ညှိုးလေးနဲ့ ပုစိကိုထိတွေ့မိတော့ မျက်လုံးလေးမှိတ်သွားသည်။
"အားဂူး ချစ်စရာကောင်းလွန်းတဲ့ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေပါလား"
အကြည့်ချင်းဆုံတဲ့အခါ ထိုလုံးလုံးလေးကို ပိုပိုပြီးအရမ်းအသည်းယားလာတာမို့...
*အူးမွ*
မနေနိုင်တော့တဲ့အဆုံး အာဘွားပေးပစ်လိုက်တယ်။
"ဟဟ ကိုယ့်ကလေးလေးက တကယ့်ကိုမွှေးနေတာပဲကွာ"
ချီထားရင်း ခပ်ပြုံးပြုံးဆိုတော့ ဖြူဖြူလုံးလုံးလေးက အကြည့်လွှဲသွားသည်။
ခဏလေး ပုစိလေးမျက်နှာလေးပြောင်းသွားသလိုပဲ။ သူ့ကိုမကြည့်တော့ပဲ ခေါင်းလေးက ငုံ့သွားတာ။ ခေါ်တော့လည်းမကြည့်တော့။
ဟဟ ဒီပုစိလေးရှက်သွားတာတော့မဟုတ်ပါဘူးနော်။
အခုလိုမျက်နှာအမူအရာလေးသိပ်ပြောင်းနိုင်တာ ဒီပုစိလေးပဲရှိမယ်ထင်ပါ့။ သိပ်အသည်းယားတယ် ပုစိရာ။
YOU ARE READING
Treasure Love 𐤀 [Completed]
FanfictionUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?