ကျယ်ပြန့်လှသောခြံအတွင်းဝင်ရောက်လာခဲ့သောအနက်ရောင်ကားတစ်စီး။ အိမ်ထဲမှထွက်လာသောကောင်လေးနှစ်ယောက်က ကြိုဆိုနေသည်။
"မင်းလာမယ်ပြောလို့ ငါစောင့်နေတာ ဂျောင်ကု"
ပထမဦးစွာ အနက်ရောင်အကျီကိုမှဘောင်းဘီတိုအနက်နှင့်တွဲဝတ်ထားသော ကောင်လေးကစကားစသည်။
"အေး ဟုတ်တယ် ယွန်းဂီ ဒရမ်မာအတွက်လိုအပ်တာတွေငါလာယူတာ ဇာတ်လမ်းတွေရပြီဆိုလို့လေ"
ပုစိလေးကိုချီရင်း ဂျောင်ကုကားပေါ်ကဆင်းလာခဲ့သည်။ အိမ်ထဲမရောက်သေး မေးနေတဲ့ယွန်းဂီနဲ့စကားလည်းပြောရင်းပေါ့။
"ဂျောင်ကုအထဲလာလေ ဝင်ရအောင်"
ယွန်းဂီကအရင်အထဲဝင်သွားသည်မို့ ကျန်ခဲ့သောHyungက ဂျောင်ကုကိုစောင့်နေပေးသည်။
"ဂျောင်ကု ပစ္စည်းတွေကအထဲမှာ"
စောင့်နေပေးတဲ့Hyungကိုဂျောင်ကု ဟုတ်ကဲ့ ဟုသာပြောရင်းအတူအိမ်ထဲဝင်လာခဲ့ကြသည်။ အိမ်ထဲဝင်လာပြီး သူတို့သုံးယောက်လုံး ဆိုဖာပေါ်မှာအသီးသီးနေရာယူလိုက်ကြသည်။ ပုစိလေးကိုတော့ ကျွန်တော့်ရဲ့ဘေးမှာတင်ထားရင်းပေါ့။
"သူလေးလည်းပါလာတာကိုးကွ ဟေ့ ပုစိရေ"
ယွန်းဂီကပြုံးရင်းလှမ်းစ၏။
"ဝုတ် ဝုတ်"
"ဟားဟား အလိမ္မာတုံးလေးကွာ"
ပြန်လည်ထူးသည်မို့ ယွန်းဂီသဘောကျစွာရယ်နေ၏။
"ဂျောင်ကု ဒီဟာကဇာတ်ညွှန်းနဲ့ ဒီုင်ယာလော့တွေ အချိန်ကတော့သိတဲ့အတိုင်းနောက်တစ်ပတ်အင်္ဂါနေ့စလိမ့်မယ် ဒီကြားထဲမှာကောင်းကောင်းနားထားပြီးသေချာကျန်းမာရေးဂရုစိုက်"
"ဟုတ်ကဲ့ Hyung"
ဖိုင်အထပ်နှင့် ထပ်မံဇာတ်ညွှန်းစာအုပ်တွေကို ဟိုဆော့Hyungကမ်းပေးလာသောကြောင့် ဂျောင်ကုလှမ်းယူရင်းတစ်ချို့ကိုကြည့်မိသည်။
"Hyungခဏနော် ကျွန်တော်lyricsတွေသွားယူပေးမယ် စတူဒီယိုထဲမှာကျန်ခဲ့လို့ ဂျောင်ကုခဏ"
ထသွားတဲ့ယွန်းဂီကိုအသိအမှတ်ပြုအနေနဲ့ ဂျောင်ကုနှင့်ဟိုဆော့တို့ခေါင်းသာငြိမ့်ပြလိုက်သည်။
أنت تقرأ
Treasure Love 𐤀 [Completed]
أدب الهواةUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?