အဖက်တောင်မလုပ်သောအသေးလေးကြောင့် ဂျောင်ကုဆက်မခေါ်ဖြစ်တော့။ ပြုံးကာသာကြည့်နေခဲ့တော့တယ်။ ခင်ဗျားတို့ပဲစဉ်းစားကြည့်လေဗျာ။ ခေါ်နေသူကသာမောသွားမည် သူကအဖက်လုပ်မည်ဟုတွေးထားပုံမပေါ်ဘူးဗျ။
အချိန်တစ်ခဏအထိကြည့်နေ ကြတဲ့တို့နှစ်ယောက်သား။ အကြည့်ပြိုင်ပွဲများနွှဲနေသလားမှတ်ရအောင် ကျွန်တော်ကလည်းကြည့် ဟိုလက်တောက်လောက်လေးကလည်း ကြည့်။ ကြည့်တာမှ မျက်တောင်တောင်မခတ်ပဲကြည့်တာဟေး။
"ပုစိရေ ကိုယ့်ဆီလာပါဦး"
အမှတ်မရှိသောသူက ဂျွန်ဂျောင်ကုဆိုတဲ့သူပင်။ ပေါင်ထက်ပုတ်ပြပြီးကိုယ့်ဆီလာရန် အမူအယာပြသော်လည်း အချေကိုယ်တော်လေးက ဂရုမစိုက်သည့်အပြင် မျက်နှာလေးကဟိုဘက်တောင်လှည့်သွားခဲ့သေးသည်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
"ပုစိရေ မင်းကိုခေါ်နေတာ အသေးလေး"
နို့နှစ်ရောင်ဆိုဖာပေါ် နှာဖျားလေးတင်ကာခေါင်းလေးချထားတဲ့ ထိုပုစိသေးသေးလေးက ကျွန်တော့်ကိုဂရုစိုက်ခြင်းအလျဥ်းမရှိ။ ဖတ်လက်စသတင်းစာကိုဘေးချထားကာ ထိုသိုးမွှေးလုံးလေးကိုသာကြည့်နေမိတဲ့ ကျွန်တော်ကကော အချေခံနေရသည်ကိုမသိရောလား။ မဟုတ်ပါဘူးဗျ ကျွန်တော်အချေခံနေရသည်ကို သိပါတယ်နော်။
ဒါမဲ့လည်းဗျာ ရင်ထဲကိုက ကလိကလိဖြစ်နေတာ ဘယ်တတ်နိုင်မလဲဗျ။ မျက်စိရှေ့က အဖူလုံးလုံးလေးက တအားတွေညှို့ယူဖမ်းစားထားတာလေ။ ကြည့်လေဗျ ကျွန်တော့်ကိုမျက်မှောင်ကြုံပြီးကို ကြည့်နေတာ။ ဘာလေးမှန်းမသိဘူး။
"ကိုယ့်ဆီလာပါဦး"
ပါပီလေးနှာခေါင်းကို လက်ဖျားထိပ်နဲ့အသာထိဖို့ရွယ်ရုံရှိသေး ချီချလိုက်တဲ့ ထိုကောင်အသေးလေးကြောင့် လေထဲမှာပင် လက်တစ်ဖက်အလိုလိုရပ်တန့်လျက်သား။
YOU ARE READING
Treasure Love 𐤀 [Completed]
FanfictionUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?