အချစ်ကိုဝန်ခံခြင်း

694 62 4
                                    

လယ်ကွင်းဖွေးဖွေးတွေ။ မိုင်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာရောက်ရှိလာတဲ့တစ်နေရာ။ ကျယ်ပြန့်လှသောစံအိမ်ကြီးတစ်အိမ်အောက်မှာ ကားဟာရပ်သွားခဲ့သည်။

"ပုစိ ဆင်းလေ ဒါကိုယ့်အိမ်"

ဆိုလ်းကအိမ်ကဲ့သို့ပင် ခမ်းနားလွန်းနေသော အိမ်ကြီးက သုံးထပ်တိုက်ကြီး။ ပေလေးဆယ်မကသောအနံနှင့် ပေခြောက်ဆယ်ကျော်အနည်းဆုံးရှိသောအလျားဝန်းကျင်က Rich Manဆိုတာမေးစရာမလိုပင်။

"ကိုကို"

"အင်း ပြောလေ ပုစိ"

ကားပေါ်ကဆင်းဖို့ပြင်နေစဥ် အကျီလက်မောင်းကိုမထိတထိဆွဲရင်း ခေါ်တဲ့ပုစိကြောင့်ဂျောင်ကုကြည့်မိသည်။

"အဆင်ပြေရဲ့လားဟင်"

ကျွန်တော့်တစ်နေရာကိုစိုက်ကြည့်ရင်းပြောလာတဲ့ထယ်လေးကြောင့် ဂျောင်ကုချစ်စိတ်တဖွားဖွားတိုးရသည်။

သူ့ကလေးကသူအဆင်မပြေမှာစိုးရိမ်နေသည့်ပုံ။

"အမှန်အတိုင်းပြောရမလား ပုစိ"

"ဟုတ်"

မျက်ဝန်းတောက်တောက်လေးတွေနှင့်နှုတ်ခမ်းဆူဆူလေးက ရှက်ပြီးသိချင်နေဟန်။ မသိမသာတံတွေးမြိုချမိ၏။ နှုတ်ခမ်းလေးကကွာ ကတောက်စ်။

"အ့"

"ကိုကို?"

မဟုတ်တဲ့အတွေးတွေကြောင့် ကမ္ဘာပျက်နေရတဲ့ဂျောင်ကု။ ပိုမိုနာကျင်လာတဲ့အောက်ကတစ်နေရာကြောင့် လူကစိတ်မခိုင်ချင်တော့။

"ဟီး အဆင်မပြေဘူး အိမ်သာပြေးရမဲ့အချိန်ရောက်နေပြီ!!!"

"ဟင်"

အော်ပြေးပြီး တံခါးကိုဝုန်းခနဲဖွင့်ကာ အိမ်ထဲသို့ အလောတကြီးပြေးဝင်သွားသောသူ။ ထယ်လေးမှာတော့ကျန်ခဲ့ရင်း...

ကိုကို ဒီနေ့ဘာဖြစ်နေတာပါလိမ့်။

"ဟယ် မြက်ခင်းလေးတွေ"

ကားတံခါးဖွင့်ကာဆင်းလိုက်တော့ နင်းမိတာက မြက်ခင်းစိမ်းစိမ်းလေးတွေ။

ဖိနပ်ကြီးနဲ့နင်းဖို့က မြက်ခင်းလေးတွေကလှပရက်လွန်းနေတယ် သွား။

Treasure Love 𐤀 [Completed]Donde viven las historias. Descúbrelo ahora