လှပတဲ့နေ့သစ်တစ်နေ့၏ မနက်ခင်းကုန်လွန်တော့မည်။ ရွှေဝါရောင်နေရောင်ခြည်တွေဟာဖြာဆင်းလျက် လောကကိုအဖော်ပြုနေ၏။
အသူရာနေမင်းကြီးဟာ တာဝန်ကိုယ်စီထမ်းရွက်လို့နေပြီ။ တစ်ချက်တစ်ချက်တိုက်လာတဲ့ လေပြေကြောင့် လိုက်ကာဖြူဟာပျံဝဲလို့။
ခရင်အနည်းငယ်မှမပါသည့် ကော်ဖီခါးခါးတစ်ခွက်ကိုကိုင်ရင်း ပြတင်းတံခါးကိုဖြတ်ကျော်လာတဲ့လေပြေတွေကို ခံစားမိသည်။ ရင်ခွင်တစ်ခုကိုနွေးထွေးအောင်ပြုစားနိုင်သည်မှာအမှန်။ ကျွန်တော့်အတွက်ပေါ့။
ဝတ်ထားသော ရှပ်အကျီအဖြူ ၊ ဘောင်းဘီဖြူဖြူအောက် လက်တစ်ဖက်ထည့်ထားရင်း နှုတ်ခမ်းဖျားကိုကော်ဖီခွက်နှင့်တေ့ထားရင်း တစ်ကျိုက်သောက်လိုက်တော့ လည်ချောင်းကိုစီးဝင်လာတဲ့ ခါးသက်တဲ့အရသာ။ တခြားသူတွေအတွက်တော့မသိပေမဲ့ ကျွန်တော့်အတွက်တော့ ကော်ဖီခါးခါးတစ်ခွက်က အဆင်ပြေလွန်းပါတယ်။
အဝေးကိုကြည့်နေတဲ့ ထိုအကြည့်တွေက တွေးတောနေဟန်။ ဖက်လက်စစာအုပ်ငယ်ကတော့ ဘေးနားကခုံပေါ်မှာပွင့်လျက်။
နားအတွင်းဝင်ရောက်လာတဲ့ဖုန်းမြည်သံကြောင့် သောက်လက်စကော်ဖီကိုချလိုက်ကာ ကျွန်တော်ကြည့်လိုက်မိသည်။
"Hello"
"သား"
ပြုံးမိပါ၏။ မွေးမိဘရင်းမဟုတ်သူမို့ သားလို့ခေါ်ခံရသည်မှာ ကျွန်တော့်အတွက်ရှားလွန်းသည်လေ။
"ဟုတ်ကဲ့"
"ဒီနေ့အချိန်စာရင်းတွေရော"
"ဒီနေ့ဖျက်ထားပါတယ်"
ကျွန်တော်အမှန်အတိုင်းသာဖြေခဲ့လိုက်သည်။ အရာရာကိုသိနေတဲ့သူမို့ ဒီလူကသူတို့အတွက်ဆို လက်ထဲကအရုပ်တစ်ရုပ်လိုပဲလေ။
"အင်း သဘက်ခါကျဇာတ်ကားအသစ်ဆွေးနွေးပွဲ မမေ့ဘူးမလား"
"ဟုတ်ကဲ့ မနက်ကိုးနာရီ TK Agencyမှာပါ"
ဖုန်းဆက်တိုင်းအလုပ်ကိစ္စကသာ ပထမဦးစားပေးဖြစ်တဲ့သူတို့ကြား ကျွန်တော်နေသားကျနေပါပြီလေ။
KAMU SEDANG MEMBACA
Treasure Love 𐤀 [Completed]
Fiksi PenggemarUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?