သိပ်ပြီးလှပလွန်းတဲ့နေရာက ကျယ်ပြန့်လှတဲ့ရေကန်အလယ်ထက် လမ်းမနှင့်ဆက်သွယ်ထားသောလျှောက်လမ်းငယ်တစ်ခု။ ကန်ရေပြင်အလယ် တည်ရှိနေသောအဆောင်ငယ်ဟာ တန်ဖိုးနှင့်ပြည့်စုံလွန်းသည်။
ထိုထဲတွင်ရှိနေသော ဆံနွယ်ရှည်တွေနှင့်ကောင်လေးနှစ်ဦး။ ရေကန်အလယ်မှကြာပန်းတွေကိုငေးကြည့်နေလျက် လေပြေတွေကတော့ဝေ့သီနေရင်း လောကအလှကိုပံ့ပိုးနေ၏။
"ကြာပန်းတွေအများကြီးပဲ"
သစ်သားနှင့်ပြုလုပ်ထားသောထိုင်ခုံထက် ထိုင်နေသောကောင်လေးက ပန်းလေးတွေခူးကာပျော်နေတဲ့ တခြားကောင်လေးတစ်ဦးကိုငေးကြည့်နေသည်။ ပန်းလေးတွေကြည့်နေတဲ့အချစ်ခံကောင်လေးကတော့ လွတ်လပ်စွာပျော်ရွှင်နေတုန်းပေါ့။
"ကိုယ့်ဆီလာပါဦး"
လှမ်းခေါ်တဲ့သူ့ကို ထိုကောင်လေးကမူပိုင်လေးထောင့်အပြုံးလေးရင်းပြုံးရင်း သွားသည်။
"ထယ့်ကိုပြောစရာရှိလို့လား အကိုတော်"
အရှေ့မှာမတ်တပ်လေးလာရပ်ရင်း အပြုံးလေးနဲ့ဆိုလာသူ။
"အင်း ကိုယ်ပြောစရာရှိတယ် အငယ်လေး"
"ဟုတ် ပြောလေ"
"အငယ်လေး"
"မှန်ပါ့ အကိုတော်"
"ကိုယ်အငယ်လေးကိုချစ်တယ်"
"ထယ်လည်းချစ်တာပေါ့ အကိုတော်ရဲ့"
ရိုးသားလွန်းတဲ့အငယ်လေးက ကိုယ်ဆိုလိုချင်သည်ကိုနားမလည်ဟန်။ တန်ပြန်ဖြေလာသည်ကချစ်သည်တဲ့။
"မဟုတ်ဘူး အငယ်လေး ကိုယ်ပြောချင်တာက အငယ်လေးကိုကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ကိုယ်မြတ်နိုးတာ"
"ဟင်"
အငယ်လေးရဲ့လက်ဖျားနုနုလေးတွေကိုဆုပ်ကိုင်လိုက်ရင်း...
"ဟုတ်တယ် အငယ်လေး ကိုယ်အငယ်လေးကိုချစ်တယ် ဘဝရဲ့လက်တွဲဖော်အဖြစ် ကိုယ် အငယ်လေးကိုတန်ဖိုးထားတယ် ကိုယ့်ဘဝတစ်လျှောက်လုံးကို အငယ်လေးနဲ့ပဲကုန်ဆုံးသွားချင်တယ်"
"မဖြစ်နိုင်ဘူး အကိုတော်"
ဆွဲကိုင်ထားသောလက်တစ်စုံကိုဖြုတ်ချသွားရင်း သူ့ရဲ့အငယ်လေးဆိုလာခဲ့သည်။
أنت تقرأ
Treasure Love 𐤀 [Completed]
أدب الهواةUnicode & Zawgyi "ခဏလေး ငါအခု အဲ့ပုစိဆီကအချေခံလိုက်ရတာလား!" JeonJungkook & KimTaeHyung "ခဏေလး ငါအခု အဲ့ပုစိဆီကအေခ်ခံလိုက္ရတာလား!" Start - 14th April 2020 End - ....?