ဂျယ်လီတွေနင်နေတဲ့ ပုစိ

1K 111 27
                                    

ပုစိလေးကိုပေါင်ပေါ်တင်ထားတုန်းမြည်လာတဲ့ကျွန်တော့်ဖုန်းရယ်။ Contact name က ကျွန်တော့်ရဲ့မန်နေဂျာ ဟိုဆော့Hyung

ညနေတောင်ရောက်နေပြီ Hyungကဘာလို့ပါလိမ့်။

"ဟယ်လို Hyung"

"ဒီနေ့ရိုက်ကွင်းရှိတယ်တဲ့"

"ဘာ!"

*အင့် အင့်*

"ဘာမှမဟုတ်ဘူး ပုစိကိုအော်တာမဟုတ်ဘူးနော် ပုစိ"

လက်ထဲက အကောင်ပေါက်လေးက လန့်သွားလို့ထင်၏။ တုန်တောင်တက်သွားတယ်။ ပြန်ပြီးတော့ပွတ်ပေးလိုက်တော့မှငြိမ်သွားတယ်။

"Hyungမှားနေတာလား ဒီနေ့မရှိသေးဘူးလေ မနက်ဖြန်မှမလား"

"အေး ဟုတ်တယ် အမှန်ကမနက်ဖြန်မှ ဒါမဲ့ ဒါရိုက်တာရဲ့အမေအသည်းအသန်ဖြစ်လို့ အဲ့တာသူမနက်ဖြန်သွားရလိမ့်မယ် ဇာတ်ကားကလည်း ဒီsceneပဲကျန်တော့တာဆိုတော့ ဒီည Night Sceneရိုက်မယ်တဲ့"

"ရုတ်တရက်ကြီးဗျာ"

"ဟုတ်တယ် ဂျောင်ကု အဲ့တာလာခဲ့တော့"

"ခဏလေး Hyung ဒီနေ့ Night Sceneက ဟန်မြစ်မှာမလား"

"ဟုတ်တယ် ဂျောင်ကု"

"ဟုတ်ပြီ ကျွန်တော်လာခဲ့မယ်"

"ဒါနဲ့ မင်းစာသားတွေရနေပြီမလား"

"ကျွန်တော်ဂျွန်ဂျောင်ကုပါ အကုန်လုံးရပြီးပြီ"

"အေးပါကွာ Hyungကသေချာအောင်မေးကြည့်တာပါ ဒါဆိုကားလွှတ်ထားလိုက်မယ်"

"ရတယ် Hyung ကျွန်တော့်ကားနဲ့ပဲလာခဲ့မယ်"

"ဖြစ်ပါ့မလား Hyungကဒီမှာအဝတ်အစားနဲ့ အင်တာဗျူးအတွက်လုပ်နေလို့"

"ကျွန်တော်လာခဲ့မယ်"

"6:00ဆိုတော့ မြန်မြန်ပြင်ပြီးလာတော့"

နာရီကိုကြည့်မိတော့ 4:45pm

"OK ကျွန်တော်လာခဲ့မယ်"

Hyungနဲ့ဖုန်းပြောပြီးတော့ ချက်ချင်းပြင်ရတော့တယ်။ ရုတ်တရက်ဖြစ်သွားတဲ့ကိစ္စမို့ ဘာမှမတတ်နိုင်ဘူးလေ။

"ဝုတ် ဝုတ်"

ပုစိကိုပေါင်ပေါ်ကျချတော့ ကျွန်တော့်ကိုလှမ်းခေါ်တယ်ဗျ။

Treasure Love 𐤀 [Completed]Where stories live. Discover now