ဝိဉာဉ်အစစ်ကဘယ်မှာလဲ

437 50 2
                                    

"ဂျောင်ကု နောက်ကျတယ်"

အိမ်ပြန်ရောက်တော့ စောင့်နေတဲ့ထယ်လေးကြောင့် ဂျောင်ကုသွားထွေးပွေ့မိလိုက်မိတယ်။

ကလေးရယ် ကိုယ်အများကြီးပင်ပန်းလိုက်တာ။

"အူကြူးလေး"

"ဖယ် မထိနဲ့!"

အားနဲ့ဆောင့်တွန်းလိုက်တဲ့အတွက်ကြောင့် လွင့်သွားတဲ့ခန္ဓာနဲ့အတူ ပေါက်ပြဲသွားတဲ့နှဖူးတစ်ဖက်။ ခုံစောင်းနှင့်တိုက်မိတာ လဲကျသွားတာကြောင့် သွေးစပါထွက်လာသည်။

"အူကြူး"

ခေါင်းထဲမိုက်ခနဲဖြစ်သွားပြီ အံ့သြနားမလည်ခြင်းများစွာဖြင့် ဂျောင်ကုလှမ်းကြည့်တော့ အဝေးကရပ်ကြည့်နေတဲ့ကလေးငယ်ရဲ့မျက်ဝန်းတွေက ခက်ထန်နေ၏။

"ဂျောင်ကု Sorry ဘာဖြစ်သွားလဲ"

"ဘာမှမဖြစ်ပါဘူး"

"အော်"

ထထူပေးဖို့တောင်မလာခဲ့။ အဝေးကနေသာရပ်နေခဲ့တယ်။

"က..ကလေး"

"ဘာမှမဖြစ်ပါဘူး ဂျောင်ကုရယ်
အဆင်ပြေသွားမှာပါ လက်ကလည်းသွေးတွေနဲ့ လာ ကျွန်တော်သန့်ရှင်းရေးလုပ်ပေးမယ် ခဏဆိုဖာပေါ်မှာထိုင်စောင့်လိုက်"

"အင်း"

ဆေးသေတ္တာယူကာ ခပ်တည်တည်နှင့်ပင် ပြန်ထွက်လာခဲ့သော ထယ်ယောင်း။

"ထိုင်လေ ဂျောင်ကု ကျွန်တော်ဆေးထည့်ပေးမယ်"

ကြမ်းပြင်ပေါ်ထိုင်ချကာ ကျွန်တော့်ခြေထောက်ကို သူ့ပေါင်ပေါ်တင်စေ၏။ ဆိုဖာပေါ်မှာထိုင်နေတဲ့ကျွန်တော့်ကို တစ်ချက်မှမကြည့်ခဲ့ပဲ ဆေးထည့်ဖို့သာ ထိုကလေးအာရုံပြုထားသည်။

မျက်စိများမှားသလား။ ထူးဆန်းတယ်။ သိပ်ပြီးထူးဆန်းနေတယ်။ ကျွန်တော့်ရှေ့မှာတည်ရှိနေတာ ကလေးငယ်ပါ။ ကျွန်တော်နဲ့အတူ နှလုံးသားချင်းနီးစပ်ထားတဲ့ ကလေးငယ်ပါ။ ဒါပေမဲ့ အခုခံစားနေရတာက သူမဟုတ်သလိုပဲ။

"ကလေး"

"ပြောလေ"

ဒူးခေါင်းထက်က ဖန်ကွဲစတွေဖယ်ထုတ်နေကာ အရက်ပြန်ဆွတ်ပေးနေသောကလေးငယ်ကို ဂျောင်ကုမေးလိုက်သည်။

Treasure Love 𐤀 [Completed]Where stories live. Discover now