𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ဒီနေ့ကျောင်းပိတ်ရက်ကို မိုးတွေရွာနေတယ် အေးပေါ့လေ မိုးတွင့်ဘက်ပဲရောက်နေပြီကို မနက်ဖြန်လည်း ရွာမဲ့ပုံပေါ်တယ် ဆွေးစရာလေးပေါ့ အဟင်း...ပြောရင်းသူ့အကြောင်းတွေးမိပြန်ပြီ
သူ့ကိုစသဘောကျမိတာက အထက်တန်းပထမနှစ်လောက်ကပေါ့
သူကကျောင်းရဲ့ Canteen မှာသူငယ်ချင်းတွေနဲ့ ရယ်မောနေခဲ့တာ ပထမဆုံးသတိထားမိတာက ယုန်လိုပုံစံနဲ့သွားလေး အဲ့ဒါကချစ်စရာကောင်းတယ် ပြီးတော့ သူ့ရယ်သံက အပျော်တွေကူးစက်စေတယ်
အဲ့နေ့ကစပြီး သူရှိတဲ့နေရာတွေမှာ အရိပ်လိုရှိတယ် သူကတော့ ကိုယ့်ကိုမြင်မဲ့ပုံမပေါ်
တစ်နေ့ စာသင်ခန်းထဲရုတ်တရက်ကြီးဝင်လာတော့ ရင်ဘတ်ထဲကအကောင်ပေါက်က အပြင်ကိုပေါက်ထွက်တော့မဲ့အတိုင်း
ဆရာမဆီကိုစာအုပ်တွေလာပို့ရင်း ဆရာမနဲ့စကားပြောနေခဲ့တာ အဲ့တုန်းကလည်း သူ့မျက်နှာလေးကို မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့သေးတယ်
ဆရာမက ကိုယ့်နာမည်ကို ခေါ်တော့ ကိုယ့်ကိုလှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေ မျက်လုံးချင်းဆုံမိသွားတဲ့ အခိုက်အတန့် အင်း အဲ့ဒါတွေက ကြယ်လေးတွေနဲ့တူတယ် ဝိုင်းစက်နေပြီး မျက်စံနက်နက်ထဲမှာ ကြယ်တွေစုထားသလိုပဲ
နောက်ဆုံး မနေနိုင်တဲ့ကိုယ်ကပဲ အကြည့်လွှဲလိုက်ရတယ်
သူဘာကြိုက်တတ်လဲ သူဘာစားတတ်လဲ ဆိုတာကို စာအုပ်နဲ့အမြဲလိုလိုမှတ်ထားမိတယ် အထက်တန်းပထမနှစ်ကုန်ခံနီးမှာ ဂျီမင်နီးက သူ့စာအုပ်ကိုတွေ့သွားတယ် အဲ့ကနေ ဆော့ဂျင်နီးကဆွဲယူသွားတော့ ဖုံးမရတဲ့အဆုံးအကုန်ပြောမိလိုက်တယ်
ဆော့ဂျင်ကသူ့ကိုမေးတယ်
'အဲ့တော့ မင်း gay သွားတာလား'
'ငါ gay တာမဟုတ်ပါဘူး ငါသူ့တစ်ယောက်ထဲကိုပဲချစ်သွားတာ gay လို့ပြောခံရင်တော့ ငါကသူ့တစ်ယောက်အတွက်ပဲ gay လူသားအချင်းချင်းကြိုက်တာ ဘာမှားနေလို့လဲ'
မေမေလာခေါ်မှ အသိပြန်ဝင်ပြီး လက်ရှိဘဝကိုသာပြန်အာရုံစိုက်လိုက်သည်
"သားရေ"
"ဗျာ"
"မိုးအေးတယ်နော် အနွေးထည်လေးဘာလေးဝတ်ထားချည်"
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
