𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ကျွန်တော့်နာမည် ကင်မ်ထယ်ယောင်း
အထက်တန်းနောက်ဆုံးနှစ်
အတန်းထဲမှာလူချစ်လူခင်ပေါသူ
အချစ်ခံလေးလေ ဟိဟိ
တစ်ယောက်သောသူဆီကလွဲလို့ပေါ့
"အိုကေ...ငှက်ပျောသီးနွားနို့ ဘယ်မှာလဲ ငှက်ပျောသီးနွားနို့"
ဒါကတော့ ကျွန်တော့်ရဲ့ ခွက်..အဲလေ ကျွန်တော့်ရဲ့ crush လေးအတွက်လာဝယ်တာ သူကငှက်ပျောသီးနွားနို့ကြိုက်တယ်ဆိုလို့
အမှန်က Banana milk ပါ သူကအရမ်းကြိုက်နေတော့ မနာလိုလို့ အဲ့လိုခေါ်တာ
"အစ်မရေ အစ်မ"
"ဟေ..ပြောလေ ငါ့မောင်"
"ဟိုဟာ"
"ဪ... Banana milk လား ကုန်သွားပြီ ခုနကလေးတင် နောက်ဆုံးဘူးယူသွားတာ ချမယ့်ကားက ခနလောက်နေမှ ရောက်မှာ"
"ဟုတ်လား အဲ့တာဆို ကံဆိုးတာပဲ မနက်ဖြန်ကြမှပဲဝယ်တော့မယ် အစ်မရေ နောက်ဆိုင်တွေကိုသာသွားမေးလိုက်တော့မယ်"
"အေး အေး"
ဟူး...ငါကဘယ်လိုသွားပေးရမလဲ
ငါဖွင့်ပြောရမယ်
ဟုတ်တယ် သူအခုမှဖွင့်ပြောမှာ သူကြိုက်နေခဲ့တာလည်း နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိနေပြီ
>>>>>>>>>>>>>>>>>
ကျောင်းရောက်တော့
ဟိုမှာ ဂျွန်ဂျောင်ကုဟ နေအုံး..နောက်မှသွားထားရမယ်
ကျစ်...သူကျောင်းကိုစောစောရောက်နေတာလား
သူ့ Locker ထဲ Banana milk သွားထားမလို့ကို
သွားပြီနဲ့တူတယ်
သွားထားရမယ် ဟီးဟီး
တစ်ဖက်ကဂျောင်ကုမှာလည်း သူ့ကို Banana milk နေ့တိုင်းလာပို့တဲ့ သူကိုမြင်ချင်တာကြောင့်ကျောင်းစောစောလာခဲ့ပင်မယ့် မတွေ့တာပဲအဖတ်တင်လို့ အခန်းထဲကိုသာဝင်လာခဲ့လိုက်သည်
"သူဘာလို့မလာရတာလဲ.."
သူတို့နှစ်ယောက်က ဆိုးလ်အထက်တန်းကျောင်း တန်းခွဲ (A) နဲ့တန်းခွဲ (B) ကွဲနေတဲ့သူတွေပေါ့ တန်းခွဲ (B) ကကင်မ်ထယ်ယောင်းကိုတော့မသိသူမရှိသလို တန်းခွဲ(A) ကဂျွန်ဂျောင်ကုကိုလည်း မသိသူမရှိပေ။
သိတဲ့အကြောင်းကတော့ကွာတာပေါ့
တစ်ယောက်ကငမွှေထိုး တစ်ယောက်ကအတန်းခေါင်းဆောင်...
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
