𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ဂျောင်ကုတစ်နေကုန် ဒုက္ခရောက်နေရသည် အကြောင်းမှာ သူ့အားတွေ့တိုင်း လာ flirt နေသော ထယ်ယောင်းကြောင့်ပင် အခုလည်း ကျောင်းဆင်းတော့အနောက်ကလိုက်လာပြန်ပြီ
"ဟေ့ ခန ခန နေအုံး မင်းကလည်း ပြေးတာမြန်တာကွာ"
"ဟျောင့် မင်းကနောက်ကနေ ခွေးလိုက်သလိုလိုက်နေတာလေ ငါကပြေးမှာပေါ့ကွ"
"အော..အော တောင်းပန်ပါတယ် ငါမင်းအိမ်လိုက်ပို့ပေးရမလား
"ရတယ် မလိုဘူး Bus နဲ့သွားမှာ နီးတယ်"
"အွန်း အွန်း အဲ့တာဆိုငါသွားပြီ"
"အေး သွားသွား ဂျောင်း! "
"ခိခိ အေးပါ"
*ဟူး အခုမှပဲအသက်ရှုချောင်တော့တယ် ငါလူးမ ထယ်ယောင်း*
>>>>>>>>>>>>>>>>
ညရောက်တော့ စာတွေအကုန်အပြိးအစိးသိမ်းကျုံးလုပ်ပြီး ဖုန်းဖွင့်ပြီးလိုင်းသုံးတော့ Instagram မှာသူ့ကိုလာအပ်တဲ့ အကောင့်တစ်ခု နာမည်ကိုကြည့်တော့ Victory Kim
"Victory Kim..."
ပါးစပ်ဖျားမှ တိုးတိုးဖြင့် သံယောင်လိုက်လိုက်သည်
အကောင့်ထဲဝင်ကြည့်တော့ follower တွေသောင်းကျော်သည် သိန်းတောင်ပြည့်တော့မည်ပုံ
သူလည်းတင်ပါတယ် သူရဲ့ပုံ ရှုခင်းပုံ ကော်ဖီသောက်နေတဲ့ပုံ တစ်လတစ်ခါပါပဲ တစ်ခါတလေ နှစ်လတစ်ခါမှတင်ဖြစ်တာ များတယ် သူကအတန်းခေါင်းဆောင်ဖြစ်တဲ့အပြင် ရုပ်ချောစော်ကြည်ဆိုတော့ follower တွေကတော့ သူ့နည်းတူ သိန်းနီးပါးပါပဲ
Victory Kim အကောင့်ထဲမှာသူ့ပုံဆိုတာမတင်ထား ခွေးပုံ ပန်းချီကားပုံ အယ်..တစ်ခုတော့ တင်ထားသားပဲ ညှပ်ရိုးတွေ..လှသားပဲ ဒါပင်မယ့် ယောင်္ကျားလေးမဟုတ်ဘူးလား
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
