𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (8)

995 84 2
                                    

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ထိုနေ့ပြီးနောက်တစ်နေ့မှာပဲ အာကျယ်တဲ့ကင်မ်ထယ်ယောင်းတို့တစ်ယောက် မိုးမိပြီးဖျားပါလေတော့သည်
သူလည်းအစကမိုးဖွဲတဲ့အထိစောင့်ပါသေးတယ် နည်းနည်းကြာတော့ မိုးလေးစဲသွားလို့ထွက်လည်း ထွက်လာရော လမ်းတစ်ဝက်မှာတင် မိုးကဝေါကနဲ ရွာချပါလေရော

မေမေက ထီးယူသွားတယ်မဟုတ်ဘူးလားမေးတော့ ထီးကလေနဲ့လွင့်ပါသွားတယ်လို့လိမ်လိုက်မိတယ်
ဒါပထမဆုံးပါ မေမေ့ကိုလိမ်မိတာက ဂိမ်းဆိုင်သွားရင်တောင် ပြောပြီးမှသွားတတ်တာ
ဆိုးတာကဆိုးပင်မယ့် ငယ်ငယ်ထဲက မေမေ့ဆီက ပိုက်ဆံတောင်ခိုးဖူးသည်မဟုတ်

"ဟတ်ချိုး...."

နှာချေသံကြောင့် မီးဖိုခန်းမှမေမေက

"ဟဲ့ အသာလုပ်စမ်းပါအေ ‌မင်းလုပ်တာ အိမ်တောင်ပြိုတော့မယ်"

"မေမေက‌လဲ..."

"ဘာမှမလဲဘူး အပေါ်ထပ်မှာသွားနေပါဆို ရှည်ပြီးဆင်းလာတယ်"

"ဟွန့် သွားမယ် သွားမယ် အဒေါ်ကြီးကင်မ်မမြင်ချင်ဘူးဆိုလည်းသွားတော့မယ်"

"ကဲ ဒီကလေး အကြီးကိုနော်"

အပေါ်ထပ်ကိုတက်ရင်း မိမိသားပြောင်ပြသွားပါသော သားဖြစ်သူကို စိတ်မဆိုးမိပဲ ချစ်စရာကောင်းသည်ဟုတောင်မြင်မိသည်။
ဖင်ကိုခါရမ်းနေတာပဲ တော်တော်ပဲများတဲ့ကောင်လေး

ငယ်စဉ်ကတည်းက အဖေဖြစ်သူဆုံးပါးသွားတော့ ဖတဆိုးဖြစ်ပြီးအမေလုပ်သူကိုဆိုးမလား ထင်ခဲ့မိသော်လည်း သားလေးကသိပ်ကိုလိမ္မာလွန်းသည်

သူတို့လင်မယားနှစ်ယောက်ဟာ မိဘသဘောမတူလို့ ခိုးပြေးကြရင်း မိသားစုတွေနဲ့ပါ အဆက်အသွယ်မလုပ်တော့သည်မို့ အမျိုးပြတ်သွားသည့် အခြေအနေသို့ရောက်သွားခဲ့ရသည်

မိန်းမသားတစ်ယောက်ထဲ ကလေးကို ပြုစုစောင့်ရှောက်ရတာကလွယ်သည်တော့မဟုတ်ပေ သို့ပင်မယ့် သူမပင်ပန်းလာလို့ ပြိုလဲတော့မယ့်အချိန်တိုင်း သားလေးရဲ့အပြုံးကြောင့်သာ ရှေ့ဆက်နိုင်ခဲ့တာ။

အတွေး‌တို့ကိုအဆုံးသတ်ကာ သူမသားအတွက် ကြက်ပေါင်းရည်နှင့် ဆန်ပြုတ်ကိုဆက်လုပ်နေလိုက်သည်

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now