𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (13)

2.4K 114 0
                                        

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

အိမ်ထဲဝင်တော့ ပြုံးစိစိနဲ့မို့ ဧည့်ခန်းမှာ ရုပ်ရှင်ကြည့်နေတဲ့အမေကတွေ့တော့

"ဟဲ့သား..ဘာတွေပြုံးစိစိနဲ့ဖြစ်နေတာတုန်း..ချော်လဲအုံးမယ် ရှေ့ကိုကြည့်လျှောက်"

"ဘာမှမဟုတ်ပါဘူးအမေ သားသွားနားတော့မယ်နော်"

"ညစာမစားတော့ဘူးလား"

"သားအပြင်မှာ သားသူငယ်ချင်းနဲ့စားလာလို့"

"အေးပါကွယ်.."

ထယ်ယောင်းအပေါ်တက်သွားတာကိုကြည့်ရင်း ထယ်ယောင်းအမေက‌စိတ်ထဲကနေပြီးတော့လည်း

'ခုနကလူလေးကိုသားငယ်ကဘာလို့နမ်းလိုက်တာပါလိမ့်..မဟုတ်မှ ရည်းစားတွေလား..'

သူမဟာရှေးရိုးစွဲတဲ့ထဲတော့မပါပင်မယ့် သူမ ထင်တာမှန်ရင်တော့ သားငယ်တို့အား ကန့်ကွက်မည်မဟုတ်ပင်မယ့် သေချာတော့စုံစမ်းရမည်

အပေါ်တက်သွားသည့် ထယ်ယောင်းကတော့

"အား..ရှီးး ရူးနေလား ကင်မ်ထယ်ယောင်းဘာလို့သွားနမ်းရတာလဲ"

ခေါင်းအားထုရင်း ရှက်စိတ်များအလုံးအရင်းဝင်လာသည်
မျက်နှာကလည်းနီမြန်းမြန်းရယ်

တစ်ဖက်က ဂျွန်ဂျောင်ကု‌ကတော့ အိမ်ရောက်တဲ့အထိ မျက်နှာကြော မသေနိုင်
တဖြီးဖြီးနဲ့ဖြစ်နေသလို မအေဖြစ်သူမေးတော့မှာ

'ဘာမှမဟုတ်ပါဘူး ‌အမေရဲ့ ဟီးဟီး'

ဆိုပြီး အပေါ်တက်သွားလေရဲ့

အင်း..သူတို့နှစ်ယောက်ရဲ့အိပ်မက်တွေကဒီညတော့ သေချာပေါက် ကောင်းနေမှာပါ

>>>>>>>>>>>>>>>>>>

"သားငယ်..အစောကြီးနိုးလို့ပါလား"

မီးဖိုချောင်ထဲတွင် မနက်စာပြင်နေသော ကင်မ်မေမေမှ အထူးအဆန်းလုပ်၍ မေးနေခြင်းပင်

"ဟုတ်တယ်နော် အိပ်မပျော်လို့ထင်ပါရဲ့ မေမေ"

"အင်းအင်း စာမေးပွဲရှိတယ်မဟုတ်လား စာသေချာလုပ်နော် အလေလိုက်မနေနဲ့"

"အာ..မေမေ‌ကလည်း သားစာလုပ်ပါတယ်နော်"

မေမေ့ပုခုံးပေါ်ကနေ သိုင်းဖက်လိုက်ကာ ချွဲနေပါသော ထယ်ယောင်း

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now