𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ကင်မ်ထယ်ယောင်း တစ်ယောက် ကျောင်းကပြန်လာပြီးနောက် အခန်းထဲရှိကုတင်ပေါ်တွင်ထိုင်၍ စဉ်းစားခန်းဖွင့်နေသည်
တခြားအကြောင်းတော့မဟုတ်...သူ့ဟာကြီးကိုဘယ်လိုလိုက်ရမလဲဆိုတာကိုပင်
"ဟဲ့ ကင်မ်ထယ်ယောင်း နင်ရေမချိုးသေးဘူးလား ကျောင်းကပြန်လာပြီးတော့ ဘာမှမလုပ်ပဲထိုင်နေသေးတယ်"
"အာ..မေမေကလည်း သားစဉ်းစားစရာလေးရှိလို့ပါ"
"အမယ် ဘာတွေစဉ်းစားနေတာတုန်းပြောစမ်းပါအုံး ဘာလဲ ကောင်မလေးရနေတာလား"
"မဟုတ်ပါဘူး မေမေကလည်း"
"အေးပါ ယုံပါတယ် နင့်လိုစပ်စလူးစိန် ဓာတ်ဘူးပိန်မျိုးနဲ့ဆို ဘယ်ကောင်မလေးကပြန်ကြိုက်မှာ"
"ဟာ...မေမေနော်"
"ကဲပါ ရေသွားချိုး ပြီးရင် အောက်ဆင်းလာခဲ့ မေမေအသီးခွဲထားမယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါခဗျာ"
ဘာလို့ လူတိုင်းကငါ့ကိုအဲ့စပ်စလူးလို့ပဲခေါ်နေရတာလဲ ငါနားကိုမလည်နိုင်တော့ဘူး ငါ့ပင်ကိုယ်အရ သူ့ဘာသာရွနေတာဥစ္စာ ငါကဘယ်တတ်နိုင်မှာလဲ
ဟွန့် ရေပဲချိုးတော့မယ်
အင်္ကျီတွေချွတ်ပြီး ရေချိူးခန်းထဲဝင်လိုက်တော့
"အားးးး ဒီသောက်ဖား ချီးမို့....ဟာ ဘယ်လိုလုပ်ရောက်လာတာလဲ မေမေ...လာပါအုံး ဒီမှာဖားကြီး.." (ကိုယ်ဆို ဖားတွေ့တိုင်းအဖေကိုလှမ်းခေါ်တာ🤣)
သူနဲ့ဖားရဲ့ဇာတ်လမ်းကပြီးသွားတော့ အောက်ဆင်းလာပြီး အသီးစားဖို့ပြင်တာပေါ့
"ဒီမှာ ထောပတ်သီးဖျော်ရည်"
"ဝါး...မေမေအကောင်းဆုံး"
"ထောပတ်သီးမျက်နှာနဲ့မလား"
"မဟုတ်ပါဘူးမေမေကလည်း"
"စားစား ပြီးရင်အိမ်စာတွေလုပ်"
"ဟုတ် ဟုတ်"
>>>>>>>>>>>>>>>
အချိန်အားဖြင့် ၈နာရီ
ကျောင်းကအိမ်စာတွေလုပ်ပြီးသွားတော့ သီချင်းနားထောင်ရင်း ဆွေးနေတာ မဟုတ်ဘူးလို့...
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
