𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
6 years later
"ဟေး ဟေး အကုန်စုကြ..အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြမယ်"
ဘွဲ့နှင်းသဘင်အခမ်းအနားပြီးနောက် နမ်ဂျွန်းမှ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဝယ်ထားသည့် သူ့ရဲ့ camera လေးကိုထုတ်ကာ မနီးမဝေးတွင် ထောက်တိုင်ဖြင့် ထောက်ရန် ပြင်ဆင်နေသည်
"ငါနဲ့ထယ်ကတူတူရပ်မှာနော်"
"အခုမှသဲသဲတွေလှုပ်နေလိုက်တာနော်"
ဆော့ဂျင်ပြောလိုက်တော့မှ ဂျောင်ကုတစ်ယောက်မျက်စောင်းထိုးကာ ငြိမ်သွားရသည်
"ကဲ..ကဲ ရန်မဖြစ်နဲ့တော့ ရိုက်တော့မယ် လူစုထား"
ကင်မရာအဆင်သင့်ဖြစ်ကြောင်းကို နမ်ဂျွန်းမှအော်ပြောသည်
"Ready 5..4..3..2..1"
'ဖလက်ခ်ျ'
°
°
°
°
°
°
°
စက္ကူဘူးထဲကနေ ပစ္စည်းတွေထုတ်နေတဲ့ ထယ်ယောင်း
သူနဲ့ဂျောင်ကုလက်ထပ်ပြီးတော့ ဂျောင်ကုမိဘတွေနဲ့ သူ့မေမေစုပြီးဝယ်ပေးတဲ့ လက်ဖွဲ့အိမ်လေးကိုသူတို့ပြောင်းလာတာ
စက္ကူဘူးထဲမှ အသေအချာထုတ်ပိုးထားတဲ့ သူနဲ့ဂျောင်ကုရဲ့ မင်္ဂလာဓာတ်ပုံကိုထုတ်ကာ ပြုံးရင်းသာကြည့်နေမိသည်။
ဟုတ်တယ် သူတို့လက်ထပ်လိုက်ပြီ မြန်တယ်ပဲပြောပြောပါ မိသားစုနဲ့အတိုက်အခံတွေရှိလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းကြ မထင်မှတ်ထားတာတွေဖြစ်ခဲ့တာ
အဲဒီတုန်းကပေါ့..
'ဒါဆို မင်းတို့နှစ်ယောက်ကတွဲနေတယ်ပေါ့'
အသံတိတ်စစ်ပွဲကို လေပြင်းမုန်တိုင်းတစ်ခုက တိုက်ခတ်လိုက်သလို
ဧည့်ခန်းတစ်ခုမှာထိုင်နေတဲ့ လူသုံးယောက်
ထယ်ယောင်းရယ် ဂျောင်ကုရယ် ပြီးတော့ ထယ်ယောင်းအမေရယ်
'မေ..မေ'
ဆူတော့မယ်ထင်ပြီး ထယ်ယောင်းမှာ မျက်နှာငယ်ဖြင့် သူ့အမေအားကြည့်နေသည်
ဒါကိုမြင်တဲ့ ဂျောင်ကုက
'ဟို..အန်တီ သဘောမတူချင်နေပါ ထယ်ယောင်းကိုတော့မဆူပါနဲ့ ဆူချင်ဆဲချင်ရိုက်ချင် ကျွန်တော့်ကိုပဲလုပ်ပါ'
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
ФанфикшнTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
