𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တဲ့အထိ မနေနိုင်မထိုင်နိုင်တာက ဂျောင်ကု
အကြောင်းမှာကား နေ့လည်ထဲက ပို့ထားသည့် 'နေမကောင်းဘူးဆို' ဆိုသည့်စာကို ထယ်ယောင်းကအခုထိ Reply မပြန်သေးတာကိုပင်
သို့သော် Reply မပြန်တာတင်မဟုတ် Seen တောင်မပြသေးပေ
"ဖုန်းဆက်ကြည့်ရမလား"
"အာ...ဖုန်းနံပါတ်မှ မရှိတာ"
"စိတ်ပူနေမိတာလား မဖြစ်နိုင်ပါဘူး သံယောဇဉ်တွယ်သွားလို့နေမှာ"
"သတင်းလေးတော့မေးသင့်တယ်မလား"
အခန်းထဲတွင် တစ်ယောက်ထဲယောက်ယှက်ခက်နေပြီး တစ်ယောက်ထဲစကားတွေပြောနေသော ဂျောင်ကုရယ်ပါ
'တင်လ်'
"ဟင်"
Noti သံကြားလို့ ဖုန်းကိုဖွင့်ကြည့်တော့ Yoongi ဆီကပင်
မျှော်နေတဲ့သူဆီကမဟုတ်လို့ထင်၏ မျက်ခုံးများကအလိုကျစွာ တွန့်ချိုးလျက်
'သားကြီး ဂိမ်းဆော့? '
'No'
'k'
စကားကိုရှည်ရှည်ဝေးဝေးတွေပြောမနေ..နှစ်လုံးသုံးလုံးနဲ့သာပြီးသွားသည်
'တင်လ်'
"ချီးပဲ ဂိမ်းမဆောပါဘူးဆို ဘယ်ကောင်...."
'ဟုတ်တယ်'
စာကထယ်ယောင်းဆီကပင်
ထိုကြမှ အလိုကျသလို အပြုံးရေးရေးကဖြစ်ပေါ်လာရသည်
'ဪအင်း'
'ဘယ်လိုသိ'
'ဆော့ဂျင်ဆိုတဲ့တစ်ယောက်ပြောပြတာ'
'👌🏻'
'ဘာလဲ'
'ဘာကို'
'👌🏻 ?? '
'အိပ်တော့မယ် မျက်ရည်ပူတွေကျနေလို့'
'အာ..ဟုတ်ပြီ ဂရုစိုက်'
'အင်း ကောင်းသောညပါ'
'ဟုတ်ပြီ ကောင်းသောညပါ 👋🏻'
မိုးရွာထားတာကြောင့် အစောကထိအေးစက်နေတဲ့လေထုမှာ အခုမှနွေးလာသယောင်
"အဟင်း..ချစ်ဖို့ကောင်းသားပဲ"
ပို့ထားသည့် Massage တွေကိုကြည့်ရင်း ပါးချိုင့်များပေါ်သည့်ပြုံးနေတဲ့ ဂျွန်ဂျောင်ကု
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
