𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (12)

2.7K 120 4
                                        

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

"ထယ်ယောင်းနား.."

ကျောင်းခန်းထဲမဝင်ခင် နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ဂျောင်ကု

"အွန်း"

"ညနေကြရင် တစ်နေရာကိုလိုက်ခဲ့"

"ဘယ်သွားမို့လဲ"

"လိုက်မှာလား"

"မလိုက်ဘူး"

"မုန့်စားရမှာနော်"

"အမ်..."

ထယ်ယောင်းဝေခွဲမရဖြစ်နေတာကိုသိတာကြောင့်

"ပြီးတော့ ကစားကွင်းကိုပါသွားမှာ"

"လိုက်မယ်လေ"

"မလိုက်ဘူးဆို"

"မလိုက်စေချင်တာလား"

"သဘော"

"......"

"ညနေကြမှ တွေ့မယ် ကျောင်းခန်းထဲမှာ ထိုင်စောင့်နေ"

"သဘော"

"အွန်း...မွ~"

သူ့အခန်းထဲပြေးသွားရင်း fly kiss ပေးသွားသော ဂျောင်ကု
ဂျောင်ကုလုပ်ရပ်ကြောင့် အသံထွက်သည်အထိပင်ရယ်မိလိုက်သည်

"အဟင်း အရူးကောင်"

ဆဲမိလိုက်ပင်မယ့် ထိုအရာကိုပဲ သဘောကျစွာပြုံးနေမိတာကိုတော့ ထယ်ယောင်းကိုယ့်ကိုကိုယ်သိပါသည်

>>>>>>>>>>>>>>>>>>>

ညနေကြတော့ ဂျောင်ကုပြောထားတဲ့အတိုင်းပင် သူ့အခန်းထဲမှာပဲ စောင့်နေလိုက်သည်

တူတူပြန်နေကြ ဆော့ဂျင်တို့နဲ့တောင်ပြန်လိုက်မသွားမိ သွားစရာရှိလို့ ဟုသာပြောလိုက်မိသည်

စောင့်နေရင်းဆယ်မိနစ်တောင်စွန်းနေပြီ ဒီကောင်မေ့နေတာတော့မဟုတ်ဘူးမလား

ဂျောင်ကုအား ကျိန်ဆဲခံနီးဆဲဆဲတွင်

"ထယ်ယောင်း..လာသွားမယ်"

"လာမှလာပါတော့မလားလို့"

"ကိုယ့်ကိုစောင့်နေတာလား"

"မင်းခေါ်လို့လေ"

"ဘာမင်းလဲ ကိုကိုလို့ခေါ်"

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now