𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (6)

2.4K 132 11
                                        

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ကျောင်းတက်ခေါင်းလောင်းထိုးတော့ အတွေးတွေကိုလက်စသတ်ပြီး ဟိုနှစ်ယောက်ကိုကြည့်တော့ စကားပြောနေကြတယ် ထုံးစံအတိုင်း ဂျင်နီးကစကားတွေများ ဂျီမင်နီးကတော့ နားထောင်နေတာပေါ့

"မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာ"

သူတို့နားသွားပြီ စကားစလိုက်တော့ ဂျီမင်က

"မသိပါဘူးကွာ ဘာတွေပြောနေမှန်းကိုမသိဘူး တတွတ်တွတ်နဲ့ ပေါက်ပေါက်ဖောက်နေတာ"

"ဘာ...."

"ဟာ တိုးတိုးလုပ်ပါကွာ ကျောင်းတက်နေပြီ"

"မတိုးနိုင်ဘူး ငါကအာခြောက်မတတ်သူ့ကိုပြောပြထားတာကို သူကအာရုံထဲတောင်မရှိဘူး"

"ကဲပါ ထားလိုက်တော့ အခုငါ့ကိုပြောပြ"

"အေး ခုနက ကျောင်းအုပ်ကြီး ဆရာမကရုံးခန်းကိုခေါ်တော့ ငါသွားတွေ့တာ.."

"နေပါအုံး မင်းကဘာလို့ ကျောင်းအုပ်ကြီးရုံးခန်းကိုရောက်သွားတာ"

"ငါကအတန်းခေါင်းဆောင်လေ"

"အေး ဟုတ်သားပဲ ငါမေ့နေတာ"

*ဂွက်*

"အာ့..ဘာလို့လာခေါက်တာလဲ"

"ကိုယ့်အတန်းခေါင်းဆောင်တောင်ကိုယ်မသိရလောက်အောင်အထိ မင်းစိတ်တွေဘယ်ရောက်နေတာလဲ"

"မင်းကအတန်းခေါင်းဆောင်နဲ့မှမတူတာ အားနေရွပိုးထိုးနေပြီးတော့"

"ဘာကွ ဂျီလုံးက သူ့စာတွေနဲ့မအားလို့ မယူဘူးဆိုတော့ ငါ့ကိုဆရာမက နေရာပေးလိုက်တာလေ အဲ့တော့ ဆရာမသွားပြော"

"ကဲကဲ တော်တော့ ရန်မဖြစ်ကြနဲ့ ဆက်ပြော ဂျင် ရုံးခန်းမှာဘာဖြစ်လဲ"

"ကျောင်းပြောင်းလာပုံရတယ်ကွ မိန်းကလေး..အရပ်ကအသင့်အတင့် အသားဖြူဖြူနဲ့ လှတယ် အရင်ကျောင်းမှာ Popular ဖြစ်ခဲ့ပုံရတယ် ယောင်္ကျားလေးတွေတော့ ပြေးရတော့မယ်နဲ့တူတယ်"

"ဪ..ဘာများလဲလို့ အဲ့တာသူ့သောက်ကြောင်းလေ ဆက်ပြော"

"အေး သူက (B) ခန်းကိုလာမှာ (A) ခန်းမှာ ခုံပြည့်သွားလို့တဲ့ အဲ့တာငါ့ကိုလမ်းပြပေးလိုက်ပါ ဘာညာနဲ့ သူ့မိဘတွေနဲ့ စကားပြောနေကြတော့ ငါလည်း လှည့်ထွက်လာခဲ့တာ"

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now