𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
အချိန်အားဖြင့် ၁၀နာရီ ၃၀မိနစ်
"ဟား..စာလည်းလုပ်လို့မရတော့ဘူး နေပါအုံး.."
ကျောင်းပိတ်သည်မို့ သွားစရာနေရာဟာလည်းမရှိ ဟိုကောင်တွေကလည်း မအားဘူးဆိုသည်နှင့် အိမ်မှာထိုင်ကာ စာလုပ်နေမိသည်
သို့သော် တစ်ခဏလေးအတွင်းမှာပဲ ပြန်ပျင်းလာရသည်
အားသွင်းထားသည့်ဖုန်းကိုဖြုတ်ယူလိုက်ကာ နှိပ်လိုက်သည်က contact name တစ်ခု
"Babe boo🤎"
'တူ..တူ..တူ'
"ဟယ်လို.."
"ဟယ်လိုအသဲလေး ငါတို့မတွဲသေးဘူးလား..ဟင် ငါမစောင့်နိုင်.."
"ငါပြောစရာရှိတယ် ဂျောင်ကု..သေချာနားထောင်"
ထယ်ယောင်းအသံက တစ်မျိုးဖြစ်နေသောကြောင့် ဂျောင်ကုလည်း အထွန့်မတက်တော့
"အွန်း.."
"ငါ..ငါသွားတော့မယ် ဂျောင်ကု.."
ထယ်ယောင်းစကားကြောင့် ဂျောင်ကုမျက်လုံးလေးတွေ ဝိုင်းစက်သွားရသည်
ဟင် ဘယ်ကိုလဲ ထယ်ယောင်းကဘယ်ကိုသွားမှာလဲ
ခေါင်းထဲမှာလည်း မေးခွန်းတွေ တန်းစီလျက်
"ငါသိတယ် မင်းမေးမှာကို အခု..ငါ့ကိုပန်းခြံထဲက ဝက်သစ်ချပင်ကြီးရဲ့အောက်မှာလာတွေ့ချည် မင်းငါ့ကိုတွေ့ချင်ရင်ပေါ့"
'တူ....'
"ဟယ်..ဟယ်လို ထယ်..
ဟာကွာ.."
ကျသွားသော ဖုန်းသံကြောင့် ဒေါသစိတ်ရော စိုးရိမ်စိတ်ရော ရောနှောနေလျက်
သွားရမယ် ဟုတ်တယ်အခုသွားရမယ်
.
.
.
.
.
.
ထယ်ယောင်းပြောတဲ့ ဝက်သစ်ချပင်နားလည်းရောက်ရော အပင်အောက်မှာ ထိုင်နေတဲ့ ထယ်ယောင်းကိုတွေ့ရ၏
ထို့ကြောင့် အပြေးသွားကာ
"ထယ်..ဘယ်သွားမလို့လဲ တစ်ခုခုဖြစ်လို့လား မြန်မြန်ပြောပါကွာ"
"စိတ်ကိုအေးအေးထား ဂျောင်ကု ငါဘာမှမဖြစ်ဘူးလေ"
"ဒါ..ဒါဆို.."
YOU ARE READING
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)
FanfictionTaehyung- ငါမင်းကိုကြိုက်တယ် Jungkook- ကြိုက်ရင်လိုက်လေ 4.4.2023 - 19.5.2024
