𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (10)

2.8K 157 0
                                        

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ထယ်ယောင်းကတော့ ဂျောင်ကုဆွဲခေါ်ရာ ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်
အသိစိတ်ပြန်ကပ်လို့ ဘေးနားကိုကြည့်မှ ကျောင်းဆောင်နောက်မကိုသွားနေတာပင်
လက်ကနာလာသည် လက်ကိုအသေဆုပ်ကိုင်ထားတာ ကျိုး‌တော့မယ့်အတိုင်းပဲ

"ဂျောင်..ဂျောင်ကု လက်နာတယ်"

ထိုအခါမှ ဆုပ်ကိုင်ထားသည့် လက်မှ အသာအယာပြေလျော့သွားရသည်

"အာ..တောင်းပန်ပါတယ်"

"မင်းကဘာလို့ ဒီကိုခေါ်လာတာလဲ ပြီးတော့ ဘာလို့သူ့ကိုသွားအော်ရတာလဲ"

"အမ်...မသိဘူးလေ နေပါအုံး မင်းကငါသူ့ကိုအော်လို့ ငါ့ကိုပြန်အော်နေတာလား"

"ငါဘယ်မှာအော်လို့လဲ အရူးရဲ့"

"အခုအော်တယ်လေ ငါသာမအော်ရင် မင်းသူ့ကိုလက်ခံလိုက်မှာမလား"

"ဘာတွေပြောနေတာလဲ ငါကငြင်းမလို့ကို မင်းက ကြားဖြတ်ပြီး လျှောက်အော်နေပြီတော့"

"ဘယ်မှာငြင်းလို့လဲ မင်းသူ့ကိုလက်ခံမလို့မဟုတ်ဘူးလား ဟမ်!! "

"မဟုတ်ပါဘူးဆိုနေတာကို မင်းဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျောင်ကု !!'

ကိုယ့်နာမည်အပြည့်အစုံအား ခေါ်လာသူ သေချာတာတော့ တော်တော်စိတ်တိုနေပုံရသည့်
သူမသိဘူး သူဘာလုပ်လိုက်မှန်းကိုရော သူဘာတွေပြောမိလိုက်မှန်းကိုရော

"ကျစ်.."

"ငါ့ဘာသာ ကြိုက်ချင်ကြိုက်မယ် မကြိုက်ချင်မကြိုက်ဘူး အဲ့တာငါ့အလုပ်"

"မရဘူး မင်းပဲငါ့ကိုကြိုက်တယ်ဆို ငါ့ကိုပဲကြိုက်လေ"

"ဟ..အဲ့တာတော့ မင်းလောဘကြီးသွားပြီ"

"အဲ့တာဆို အစောကတည်းလာမကြိုက်နဲ့လေ"

"‌ဪ...အဲ့တော့ ငါ့အပြစ်ပေါ့..? ကောင်းပြီ မင်းကိုငါဆက်မကြိုက်တော့ဘူး မင်းလည်း မင်းလမ်းကိုမင်းလျှောက် ငါလည်းငါ့လမ်းကိုငါလျှောက်မယ် အဲ့တော့ ဘိုင့် ဘိုင့်"

ပြောချင်တာတွေပြောပြီး ‌မိမိအား ကျောခိုင်းသွားတော့မည့် သူရဲ့ လက်ကို ဆွဲပြီး လှည့်လိုက်ကာ ကျောပြင်အား နံရံမှာ ကပ်စေ၍

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now