𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (11)

2.7K 143 0
                                        

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

နောက်နေ့တွေမှာလည်းကျောင်းကို ဘာမှမဖြစ်ခဲ့သလိုပုံမှန်တိုင်းလာကြတဲ့သူတို့နှစ်ယောက်

ဟုတ်တယ်လေ သူတို့နှစ်ယောက်ကဘာမှမှမဖြစ်ခဲ့တာ အဟမ်း ဟိုကိစ္စကတော့ သူတို့နှစ်ယောက်ပဲသိတာပေါ့

ထယ်ယောင်းကတော့ သူ့ဘာသာသူအငြိမ်နေပင်မယ့် ကိုယ့်ဘာသာကိုယ်အငြိမ်မနေနိုင်တာကတော့ ဂျောင်ကုပင်
အတန်းမရှိတာနဲ့ သူ့ခုံမှာမရှိ ဘယ်ရောက်သွားတာလဲမမေးနဲ့ ထယ်ယောင်းတို့အတန်းမှာပင်
အကြောင်းမရှိလဲ အကြောင်းရှာပြီးသွားတတ်တယ်သူပါရယ်

ဘာလို့ခန ခနသွားနေတာလဲ မေးလိုက်ရင်

'မသိဘူး သူ့ကိုမမြင်ရရင်မနေနိုင်လို့ အမြင်ကပ်လို့'

အမြင်ကပ်လို့ပဲပေါ့ အမြင်သာမကပ်ရင် ကော်နဲ့သာကပ်ထားမလားပဲ

အခုလည်း ကျောင်းတက်ခေါင်းလောင်းမထိုးခင် ထယ်ယောင်းအခန်းထဲတွင်ရပ်ပြီး ထယ်ယောင်းနဲ့စကားပြောနေခြင်းပင်

"ယား...ဂျွန်ဂျောင်ကု မင်းကိုမင်းရဲ့ငှက်ပျောသီးနွားနို့လည်း ဝယ်တိုက်ပြီးပြီလေ အခုဘာရပ်လုပ်နေတာလဲ"

"အေးနော် ငါလည်းမသိဘူး မင်းကိုမတွေ့ရရင် ရင်ဘတ်ထဲမှာယားသလိုလိုနဲ့"

"အဲ့တာဝဲပေါက်နေတာ"

"ဘာဆိုင်လို့"

"ယားတယ်ဆို"

"အင်းလေ"

"ဟူး...သွားတော့"

"ဘာလို့လဲ မသွားဘူး"

"အလုပ်မရှိဘူးလား မင်းကအတန်းခေါင်းဆောင်လေ လူစစ်တာတို့ လက်မှတ်..."

"အာ...နမ်ဂျွန်းကိုလွှဲပေးလိုက်ပြီ အတန်းခေါင်းဆောင်လုပ်ရတာပျင်းလာလို့"

"မင်းကဘာလို့ဒီကိုလာလာနေရတာလဲ"

"လာချင်လို့"

ဒီကောင် တော်တော်ပြောရဆိုရခက်ပါလား နေအုံး မင်းရဲ့အားနည်းချက်ကိုသိထားပါတယ်ကွ ဟင်း ဟင်း
အဲ့တာကတော့

"သွားတော့ မသွားရင် ဟိုနေ့က မင်းငါ့ကိုဆွဲနမ်းတဲ့ကိစ္စကိုတစ်ကျောင်းလုံးသိအောင်ပြောလိုက်မှာနော်"

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now