"ဆူး"part -5

1.6K 124 25
                                    

"ဒါဘယ်က ပန်းတွေလဲဦးလေးမင်?"

" သားဂျောင်ဂုအတွက်ဆိုပီး လာပေးသွားတာ ယူလိုက်နော်သား"

"ဘယ်သူပေးတာလဲ"

"နာမည်တော့ ဦးလေးကိူ မပြောသွားပါဘူး သားနာမည်နဲ့ အိမ်ရှေ့မှာ လာထားသွားတာ"

"အော်ဒါဆိုလဲ လွှင့်ပစ်လိုက်လေဘာလို့ အိမ်ထဲထိ ယူလာတာလဲဗျာ"

"လွှင့်တော့မပစ်ပါနဲ့သားရယ်ပန်းလေးတွေ နှမျောစရာမကောင်းဘူးလား"

"ကျစ် ဦးလေးမင်က ကျတော့်အိမ်က အလုပ်သမားနော် ကျတော်ခိုင်းရင် ခိုင်းသလို လုပ်လိုက်ပေါ့!"

"အဲ့လိုမဟုတ်ပါဘူးကွယ် ဦးလေးက"

"အဲ့ဒီ့တန်ဖ်ိုးမရှိတဲ့ ပန်းတွေ ကျတော့်ကိုပေးစမ်းပါ"

"သား"

*ဂျောင်ဂု ဦးလေးမင်ရဲ့လက်ထဲမှကျူလစ်ပန်းအဖြူလေးတွေအားဆွဲယူပြီး မြေပြင်ပေါ်သို့ ပစ်ချကာ ခြေထောက်ဖြင့် နင်းချေပစ်နေသည်*

"နောက်တစ်ခါ အရေးမပါတဲ့အရာတွေ ကျတော့်ဆီယူမလာနဲ့"

"ဦးလေး သိပါပြီ သားဂျောင်ဂု"

*ဦးလေးမင်သည်လဲ ပန်းတွေအားကြည့်၍ စိတ်မကောင်းဖြစ်ရသည် ပန်းတွေပေးသွားတုန်းက သားထယ်ယောင်းရဲ့ မျက်နှာလေးကဂျောင်ဂုလက်ခံပါစေဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပြုံးပျော်နေခဲ့တာ သူမြင်ကွင်းသာ သူမြင်ရင် ဘယ်လောက်ခံစားရပါ့မလဲ*

"မောင်ရယ်.....?"

*ထယ်ယောင်း ပြန်ဖို့လုပ်နေရင်း ဂျောင်ဂုရဲ့အသံကို ကြားလိုက်ရသည်မို့ အမြန်ဂျောင်ဂုမမြင်အောင် ခြံစည်းရိုးလေး အကွယ်မှ ချောင်းကြည့်နေခဲ့တာ မောင်က သူပေးခဲ့တဲ့ပန်းလေးတွေကို ရက်"စက်"နင်းခြေပစ်ခဲ့တာပဲ*

"ငါ့နှလုံးသားလေးလဲ မောင်နင်းခြေခဲ့တဲ့ပန်းတွေလို တစ်စစီ ကြေမွနေပြီမောင်သိရဲ့လား....ဟင့်ငါမောင့်ကိုအရမ်းချစ်တာလေမောင် ဘာလို့ ငါ့ကိုအကြောင်းပြချက်တွေမရှိပဲ ထားသွားရတာလဲ"

*တစ်လမ်းလုံး ထယ်ယောင်း မျက်ရည်များဖြင့် လမ်းလျှောက်လာခဲ့တယ် လူတွေက သူ့ကိုကြည့်နေကြပေမယ့် သူဂရုမစိုက်နိုင် သူ့ရင်ထဲပူလောင်နေရတယ်ဆိုတာ ဘယ်သူကများ သိနိုင်မို့လို့လဲ*

"ဆူး"Where stories live. Discover now