"ဆင်းတော့ ဒီပန်းဆိုင်မလား?"
"ဟုတ်တယ် မောင်"
"ဟုတ်ရင်လဲ မြန်"ဆင်းတော့လေ"
"အာ နဲလ်"
"မင်း ထိုင်သွားတဲ့ ငါ့ကားနေရာကို ရေနဲ့သေချာ ဆေးရဦးမှာပဲ ကျွတ်"
"ငါ့ကြောင့် မောင့်ကို အလုပ်ရှုပ်စေမိပြီ တောင်းပန်ပါတယ်"
"ဒါလေးပြောတာကို မင်း မျက်နှာကဘာဖစ်တာ မသိရင်အခုချက်ချင်း ထငိူတော့မယ့် အတိုင်းပဲ"
"ပြီးခဲ့တဲ့ရက်တွေမှာလဲ မောင့်ကို မတွေ့ရရင် ဝမ်းနည်းပြီး ငိုမိတယ် မောင်နဲ့တွေ့လို့ မောင့်ဆီက ခါးသီးတဲ့ စကားတွေကို ကြားရရင်လဲ ငါ ငိုတယ်"
"ဟာ့ မင်းကို ဘယ်သူက ငိုခိုင်းနေလို့လဲ"
"မောင့်ကို ချစ်ရတာငါ အမြဲငိုရတယ်"
"မချစ်နဲ့လေ ငါကပိုတောင်ပျော်သေး"
"မချစ်ပဲမှ မနေနိုင်တာ နေနိုင်ဖို့လဲ မကြိုးစားဘူး ငါဒီတိုငိးလေးပဲ မောင့်ကို ချစ်နေမှာ မောင် ငါ့ဆီပြန်မလာလဲ ကိစ္စမရှိပါဘူး ငါဘယ်ချိန်ပဲဖြစ်"မောင်ပြန်လာရင် လက်ခံဖို့ အသင့်ပဲ ငါနဲ့မမွေးရသေးတဲ့ကလေးလေးက မောင့်ကို အရမ်းချစ်တာ"
"အမ်း ကင်မ်ထယ်ယောင်း ငါသွားပြီ"
*မောင့်ရဲ့ကားလေးဟာ သူနဲ့တဖြေး"ဝေးသွားခဲ့သညိ ဒီမြင်ကွင်းက လွန်ခဲ့တဲ့ 4လလောက်တုန်းက မောင်ငါ့ကို လမ်းမမှာတစ်ယောက်တည်း ထားခဲ့တဲ့ အဖြစ်နဲ့တူတယ်နော် မောင် ငါ့မှာအိမ်ပြန်လမ်းကို သိနေပေမယ့်လဲ မောင့်လာခေါ်မှာကိုပဲ မျှော်လင့်ခဲ့တာ အခုရော နောင်ရော....*
*ဂျောင်ဂု တစ်လမ်းလုံးအတွေးပင်လယ်ထဲ စီးမျောနေတာ အိမ်ပြန်ရောက်သွားတာတောင် မသိလိုက်ပင် ထယ်ယောင်းက သူ့အပေါ် နာကျင်အောင်လုပ်ခဲ့တာတောင် ပြန်လာရင် လက်ခံဖို့အဆင်သင့်ပဲတဲ့ ပြောခဲ့တယ် ကျစ် အဲ့ဒီ့ ကင်မ်ထယ်ယောင်းက ဘယ်လိုတောင် ရူးေနရတာလဲ ငါ့ကလေးတော့ မင်းလို အရူးလေးပဲ ဖြစ်လာမှာ မြင်ယောင်တယ်*
______________________________________
"ဘယ်တွေလျှောက်သွားနေတာလဲ ထယ်ယောင်း ခုနက ကားနဲ့လိုက်ပို့တဲ့တစ်ယောက်ကရော ဘယ်သူလဲ ဘာလို့ စကားတွေအကြာကြီးရပ်ပြောနေတာလဲ"
YOU ARE READING
"ဆူး"
Actionမောင်သိလား? မောင့်ကို ချစ်ရတာလေ ဆူးခင်းလမ်းတစ်ခုပေါ်မှာ လမ်းလျှောက်နေရသလိုပဲ ရုန်းထွက်လဲနာကျင်ရမယ် ဆက်လျှောက်လမ်း နာကျင်ရမှာပဲ ရှေ့ဆက်ဖို့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ထပ်ခါနာကျင်ရပြန်တယ် ငါကလဲ မောင့်ကိုချစ်မိတိုင်း မောင်ဆိုတဲ့ "ဆူး"လေး...