ဒီလိုနဲ့ ကျတော်တို့ မိသားစုလေး အရင်က မျှော်လင့်ထားခဲ့တဲ့အတိုင်း ပြန်အဆင်ပြေသွားခဲ့တယ် ပြသာနာတွေ ထပ်မဖြစ်တော့ပဲ ပျော်ရွှင်စွာ နေသွားနိုင်ပြီလို့ တွေးထားခဲ့ပေမယ့် ထပ်ပြီး မလိုချင်တော့တဲ့ပြသာနာတွေက ရောက်လာခဲ့ပြန်တယ်။
"အဲ့ဒီ့လူဆီ ဘာလို့ သွားမှာလဲ ထယ်ရာ"
"မသွားလို့မရဘူးလေ ဒီနေ့ကဟျောင်းရဲ့မွေးနေ့ ညကြရင်လာခဲ့မယ်လို့ ပြောထားတာကို"
"မောင်က သူ့ကို ကြည့်ရတာ မဟုတ်ဘူးနော် ထယ်နဲ့သားကို စောင့်ရှောက်ပေးထားလို့သာ သွားခွင့်ပေးတာ"
"ဟုတ်ပါပြီ မောင်ရယ် ကလေးလေးကျနေတာပဲ မျက်နှာကဆူပုတ်နေတာ"
"မောင်မှ စိတ်မချတာ"
"ဒါဆို မောင်ပါ လိုက်ခဲ့ပေါ့"
"မလိုက်ပါဘူး ထယ်လဲ မြန်"ပြန်လာခဲ့ မိုးမချုပ်စေနဲ့ နောက်ကျမယ်ဆို ဖုန်းဆက်လိုက် မောင်လာကြိုမယ်"
"သိပါပြီ အိမ်နဲ့ဟျောင်းဆိုင်ကလဲ အရမ်းကြီးမှ မဝေးတာ စိတ်ချ ဟုတ်ပီလား"
"သားကိုရော ခေါ်သွားမှာလား"
"ခေါ်သွားရမှာပေါ့ သားက သူ့ဦးဦးကို လွမ်းနေတာ"
"ကျစ် ပြီးရော ထယ်ရာ"
"ပြန်လာမှ မောင့်ကို ပြန်ချော့ပါ့မယ် အခုတော့ သွားပီနော်"
"သားလဲ ပြန်လာမှ အာဝါးတွေ များကြီးပေးမယ်နော် ဖေဖေ"
စိတ်ကောကိနေတဲ့လူကို ဒီချစ်ဖို့ကောင်းတဲ့သားအဖက အပြောလေးနဲ့တင် စိတ်ပြေအောင် လုပ်သွားတာပဲ..။
အဲ့ဒီ့ ကင်မ်ဆော့ဂျင်ဆိုတဲ့။လူကို ကြည့်မရပေမယ့် ထယ်နဲ့
သားက ထိုလူရဲ့မွေးနေ့ကို သွားချင်ပါတယ်ဆိုပီး ပြောလာတော့ သူ့မှာ သွားခွင့်ပေးလိုက်ရသည်။ဦးလေးမင်ကလဲ နေမကောင်းလို့ ခွင့်ယူထားတာမလို့ အိမ်မှာ သူတယောက်တည်းပင်။
ပြန်လာမှ နှစ်ယောက်လုံးကို ကောင်း"စိတ်ကောက်ပစ်ဦးမယ် ဆိုတဲ့ အတွေးနဲ့သာ ဧည့်ခန်းထဲမှာ ထိုင်ကာ စောင့်နေလိုက်သည်။
YOU ARE READING
"ဆူး"
Actionမောင်သိလား? မောင့်ကို ချစ်ရတာလေ ဆူးခင်းလမ်းတစ်ခုပေါ်မှာ လမ်းလျှောက်နေရသလိုပဲ ရုန်းထွက်လဲနာကျင်ရမယ် ဆက်လျှောက်လမ်း နာကျင်ရမှာပဲ ရှေ့ဆက်ဖို့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ထပ်ခါနာကျင်ရပြန်တယ် ငါကလဲ မောင့်ကိုချစ်မိတိုင်း မောင်ဆိုတဲ့ "ဆူး"လေး...