*ဂျောင်ဂုတို့ထွက်သွားပြီး သုံးရက်လောက်ကြာတော့
ထယ်ယောင်း ထပ်ပြီးရောက်လာခဲ့တယ် ဦးလေးမင်လဲ ထယ်ယောင်းကို သနားတာမလို့။ ဂျောင်ဂုတို့အကြောင်းကို မပြောပြချင်ပေမယ့် ထယ်ယောင်းမသိပဲ ဒိလိုနေ့တိုင်း လာနေတာထပ်စာရင် ဂျောင်ဂုပြန်မလာတော့ဘူးဆိုတာ သိရင်တော့ သူလဲ ဒီကိုထပ်လာတော့မှာ မဟုတ်ဘူးလို့ပဲ တွေးရင်း ပြောပြလိုက်ဖို့ဆုံးဖြတ်လိုက်တယ်*"သား ထယ်ယောင်း"
"အာ ဦးလေးမင်ကို မေးမလို့ရှာနေတာ ဟို မောင် ဘယ်သွားနေတာလဲဟင်"
"ဂျောင်ဂုနဲ့ဆိုယောင်းတို့ နိုင်ငံခြားကို အပြီးထွက်သွားကြပြီ သား"
"ဗျာ..."
"ခံစားမနေပါနဲ့တော့ သားရယ် သူတို့လဲ သူတို့ဘဝနဲ့သူတို့ ပျော်ပါစေ သားလဲ ပျော်အောင်နေပါကွယ်"
"မဖြစ်နိုင်ဘူး ဦးလေးမင် မလိမ်ပါနဲ့ မောင်က ကျတော့်ကို မတွေ့ချင်လို့ အခုလို လိမ်ပြောခိုင်းထားတာမလား အဲ့လိုမဟုတ်လားဟင်"
"ဟူး ဦးလေး လဲဘာပြောရမလဲမသိတော့ပါဘူး ပြီးတော့ ဒါတွေက သားအတွက် ဂျောင်ဂုက ပေးခိုင်းခဲ့တာ"
*သူ့လက်ထဲကမ်းပေးလာတဲ့ ပိုက်ဆံတချို့နဲ့
စာတစ်စောင်**စာထဲတွင်.....*
"မင်းကို အသိမပေးပဲ ထွက်သွားရတဲ့အတွက် ။ မင်း ငါ့ကို မုန်းလိုက်ပါ ကင်မ်ထယ်ယောင်း ငါကမင်းအတွက် ဘယ်တုန်းကမှ မကောင်းခဲ့တဲ့သူမလို့ ဆက်ချစ်နေရင် မင်း နာကျင်ရလိမ့်မယ် နောက်ပီး ငါပေးခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး မင်းခလေးကို ကောင်း"စောင့်ရှောက်နိုင်မယ်ဆိုတာ ငါသိတယ် မင်းက သန်မာပါတယ်ကင်မ်ထယ်ယောင်း ဒါပေမယ့် ဆိုယောင်းကတော့ ငါ့ကိုလိုအပ်တယ် အ့တာကြောင့် မင်း ငါ့ကို မေ့ပြီး ပျော်အောင်နေပါငါတို့ရဲ့ ခလေးလူ့လောကထဲ ရောက်လာတဲ့အခါ သူ့အတွက်မကောင်းခဲ့တဲ့ အဖေရဲ့ နာမည်ကို မပြောပြပါနဲ့ ကင်မ်ထယ်ယောင်း..."
*ထယ်ယောင်း စာကိုအဆုံးထိဖတ်ရင်း မျက်ရည်တွေကလဲ သူ့အလို"ပင် စီးကျနေခဲ့တယ် သူ ထပ်မငိုနိုင်တော့ဘူး သူ မောင်နဲ့ပက်သက်ပြီး မျက်ရည်တွေနဲ့ပဲ မကျန်ရစ်ခဲ့ချင်တော့ဘူး*
YOU ARE READING
"ဆူး"
Actionမောင်သိလား? မောင့်ကို ချစ်ရတာလေ ဆူးခင်းလမ်းတစ်ခုပေါ်မှာ လမ်းလျှောက်နေရသလိုပဲ ရုန်းထွက်လဲနာကျင်ရမယ် ဆက်လျှောက်လမ်း နာကျင်ရမှာပဲ ရှေ့ဆက်ဖို့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ထပ်ခါနာကျင်ရပြန်တယ် ငါကလဲ မောင့်ကိုချစ်မိတိုင်း မောင်ဆိုတဲ့ "ဆူး"လေး...