"ဒီက အကို ဘာလိုလို့လဲရှင့်"
"အာ ဟို ကလေးအတွက်ပစ္စည်းလေးဝယ်ချင်လို့"
"အကို့ အမျိုးသမီးရော မပါဘူးလား"
"ဗျာ ဘယ်က အမျိုးသမီးလဲ ကျတော်က လူပျိုကြီးဗျ"
"အာဆောရီးပါ မသိလို့ ကလေးပစ္စည်းလာဝယ်တယ်ဆိုတော့လေ"
"ထားတော့"
"ဟုတ်ကဲ့ အခုကလေးအတွက် ဘယ်ပစ္စည်းလေးတွေ ဝယ်ချင်လာလဲ မသိဘူး"
"ကလေးအတွက်လိုအပ်မယ့် အသုံးအဆောင်တွေ အနှီးတွေပြီးတော့ နို့ဘူး ရယ် နို့မှုန့် အကျီလေးတွေပါ အကုန် စုံအောင်ထည့်ပေးလိုက် ကျတော် သိပ်မရွေးတတ်လို့"
"အကို အကျီက ယောက်ျားလေး လား မိန်းကလေးလားရှင့်"
"ကလေးက မမွေးသေးလို့ အ့တာတော့ မသိဘူး အဆင်ပြေတာသာ ထည့်ပေးလိုက်တော့ညီမရာ"
"အာ ဟုတ် ခဏစောင့်နော်အကို"
"အင်း ဒါနဲ့ ပစ္စည်းတွေကို အိတ်အမဲနဲ့ေသချာေလး ထုတ်ပေး"
"နဲလ်"
*ဝန်ထမ်းကောင်မလေးလဲ ကလေးအတွက် လိုအပ်မယ့် ပစ္စည်းလေးတွေအကုန် ထည့်ပေးနေသည် လူပျိုကြီးတစ်ယောက် ကလေးအသုံးအဆောင်ဆိုင်ထဲမှာ ရောက်နေတာတော့ အနည်းငယ်ထူးဆန်းနိုင်ပေမယ့် ဒါက ထယ်ယောင်းငယ်ရဲ့ ကလေးလေးအတွက်မလို့ သူက ဝယ်ပေးဖို့စိတ်ကူးထားခဲ့တာ*
"ဟင် ဟျောင်း လက်ထဲမှာလဲအထုပ်တွေနဲ့ ဘယ်ကပြန်လာတာလဲ"
"ဘယ်ကမှ မဟုတ်ပါဘူး ဒါပန်းအိုးအလွတ်တွေလေ မြို့ထဲဘက်ရောက်တုန်း ဝယ်လာတာ"
"လေးနေပီလား ကျတော် ကူသယ်ပေးမယ်ဟျောင်း"
"နေပါ ဗိုက်ကေလးရာ ငြိမ်"ပဲနေ ဟျောင်း ဘာသာသယ်ပါ့မယ်"
"ကျတော် စဉ်းစားနေတာရှိတယ် ဟျောင်းသိလား"
"ဘာများလဲ ထယ်ယောင်းရဲ့"
"အာ ဟျောင်းက အလုပ်တွေပိုလုပ်နေရပြီး ကျတော်ကကျ တနေ့လုံး ထိုင်ပဲထိုင်နေရတာလေ မသိရင် ဟျောင်းက အလုပ်သမား ကျတော်က အလုပ်ရှင်ကြီး ကျနေတာပဲ ဟီး"
YOU ARE READING
"ဆူး"
Actionမောင်သိလား? မောင့်ကို ချစ်ရတာလေ ဆူးခင်းလမ်းတစ်ခုပေါ်မှာ လမ်းလျှောက်နေရသလိုပဲ ရုန်းထွက်လဲနာကျင်ရမယ် ဆက်လျှောက်လမ်း နာကျင်ရမှာပဲ ရှေ့ဆက်ဖို့အတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ထပ်ခါနာကျင်ရပြန်တယ် ငါကလဲ မောင့်ကိုချစ်မိတိုင်း မောင်ဆိုတဲ့ "ဆူး"လေး...