Part-1.2

1.4K 171 8
                                    

Unicode

Chapter 1.2

ရုန်ယီ စိတ်သက်သာသွားသလိုသက်ပြင်းချမိသည်။

"ဘာဖြစ်တာလဲ...ရုတ်တရက်ကြီးဘာလို့ငါ့ကိုမေးနေတာလဲ...ငါ့ကိုတစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမလို့လား"

လျိုယွမ် စိတ်လှုပ်ရှားလာသည်။

"အဆင်ပြေပါတယ်...ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး...ကြည့်ကောင်းတဲ့လူဖြစ်ရင်ရပါပြီ"

ရုန်ယီနှလုံးသားလေးလှိုင်းထသွားပြီး စကားလုံးများကသူ့ပါးစပ်မှလွတ်ထွက်သွားသည်။

"ငါကကြည့်ကောင်းတယ်လို့မင်းထင်လား..."

လျိုယွမ် ဆွံ့အသွားသည်။

နှစ်ယောက်သား ခဏတာအပြန်အလှန်ကြည့်နေပြီးနောက် ရုန်ယီမျက်နှာနီရဲလာသည်။

"မင်းလည်းကြည့်ကောင်းပါတယ်"

လျိုယွမ် တံတွေးတစ်ချက်မြိုချလိုက်ပြီး ခုံနောက်ကျောကိုမှီလိုက်သည်။

"မင်းနောက်နေတာမဟုတ်လား?"

ရုန်ယီကိုယ်လေးက ချက်ချင်းတောင့်ခဲသွားသည်၊ သူ့ခံစားချက်များကိုဘယ်လိုဖုံးထားရမှန်းပင်မသိတော့ပေ။

"ငါ့ကိုအမြဲ Beta နဲ့မှားခဲ့ရင်တောင်..."

လျိုယွမ် လက်နှင့်ခေါင်းကိုအညောင်းဆန့်လိုက်ပြီး အကူအညီမဲ့နေပုံပေါ်သည်။

"ဒါပေမဲ့တကယ်တော့ငါ Alpha"

ရုန်ယီရှက်ရွံ့သွားသည်။

"ငါသိပါတယ်...ဒါပေမဲ့..."

"မင်းကဂေး(gay) လား?"

လျိုယွမ် မျက်လုံးများပြူးထွက်လာသည်။

"ငါ..."

ရုန်ယီ စပြီးစိတ်ဓာတ်ကျလာသည်။

"မင်းငါ့ရဲ့ WeChat ပရိုဖိုင်ကိုမမြင်ဖူးဘူးလား?"

လျိုယွမ်က မျက်တောင်ခတ်ပြီးစကားတစ်လုံးပင်မပြောတော့ပေ။

အခုတော့ သူ့ကိုကြည့်စမ်းပါဦး။ ထိုလူက သူ့ပရိုင်ဖိုင်ကိုဂရုတစိုက်မကြည့်ခဲ့ဖူးခြင်းဖြစ်မည်။ သည့်အပြင် လူအများစုကရုန်ယီနှင့်မတူညီဘဲသူတို့လိင်ခွဲခြားမှုကိုတံဆိပ်ကပ်ထားကြသည်။ ထို့ကြောင့်   လူများ၏အချက်အလက်မျိုးကိုပရိုဖိုင်​ပေါ်တွင်တကူးတကရှာနေစရာမလိုပေ။

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီWhere stories live. Discover now