Chapter 51:
ငါ…ငါ့အိုင်ဒေါနဲ့ လိုက်ပြိုင်နေမိတာလား…
ရုန်ယီ ရေချိုးပြီးနောက် အိပ်ရာပေါ်လှဲနေကာ အတွေးလွန်နေမိသည်။
ချန်းခယ့်ယောင် မော့ယွီဖေးအပေါ်ပြုမှုပုံမှာ အလွန်ထူးဆန်း၏။
ကျိုးလီထံမှ ကြားခဲ့ရသော ကောလဟာလများကို မတွေးရန်မှာ ရုန်ယီအဖို့ခက်ခဲလှ၏။
အမှန်မှာ ခုနကလေးတင် ရုန်ယီသူတို့နှစ်ယောက်ကြား ဆက်ဆံရေးတစ်ခုရှိမည်ဟု စိတ်ကူးယဉ်ခဲ့၏။
သာမန်လူများအဖို့ နာမည်ကြီးများနှင့် အဆက်အသွယ်ရရန် ခက်ခဲပေသည်။ သို့သော် ဝတ္ထုရေးသူအနေဖြင့် သရုပ်ေဆာင်ကို မသိခြင်းကတော့ မဖြစ်နိုင်ပေ။
ပြန်တွေးရင်းမှ မော့ယွီဖေးကလွဲ၍ ချန်းခယ့်ယောင် သူအရှေ့တွင် အသည်းအသန်မုန်းပြဖူးသောသူ တစ်ယောက်သာရှိမှန်း ရုန်ယီသဘောပေါက်သွား၏။
ထွက်သွားခဲ့ပြီးဖြစ်သော ရည်းစားဟောင်းပင်ဖြစ်၏။
ထို အပိုင်းအစများကို ပေါင်းစပ်လိုက်လျှင် ပုံပြင်မှာ ရှုထောင့်ပေါင်းစုံမှ ဖြစ်နိုင်ချေရှိပုံရလာ၏။
ရုန်ယီ ချန်းခယ့်ယောင်အပေါ်သူ့ခံစားချက်များကို နားလည်သွားကတည်းက ထိုသို့ယူဆချက်မျိုး မလုပ်ချင်ဖြစ်နေခြင်းသာဖြစ်သည်။
အလွန်ကမောက်ကမနိုင်ကာ နေရထိုင်ရလည်း အဆင်မပြေဖြစ်လှသည်။
တစ်စုံတစ်ယောက်ကို အမှန်တကယ်လက်လွှတ်နိုင်လိုက်ပြီး ဂရုမစိုက်တော့ပါက စိတ်ထဲတွင်ဘာခံစားချက်မှ မရှိတော့ဟု ဆိုကြသည်။
မော့ယွီဖေးသာ အမှန်တကယ် ချန်းခယ့်ယောင် ရည်းစားဟောင်းဆိုလျှင် သူအလွန်ဂရုစိုက်ခဲ့သောကြောင့်သာ ယခုအချိန်အထိ သူ့အကြောင်းကို တွေးနေခြင်းများလား။
ထို့ကြောင့် ရုန်ယီသာ ချန်းခယ့်ယောင်ကို လိုက်ရန်ဆုံးဖြတ်လိုက်လျှင် မော့ယွီဖေးနှင့် ယှဉ်ပြိုင်ရသလို ဖြစ်နေမည်လား။
သူဘယ်လိုလုပ် နိုင်နိုင်မည်နည်း။ ရှုံးမှာ အသေအချာပင်ဖြစ်၏။
YOU ARE READING
မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီ
RomanceThis is not my own story English Title- Mr Rong's lovelorn Diary Author - 桃白百 Translator - IQ Team