Part-15

607 96 5
                                    

Chapter 15

ထို့ကြောင့်လည်း မိဘများအားလုံးသည် ကိုယ့်သားသမီးများအတွက်သာဖြစ်ကြသည်ဟု ပြောလေ့ရှိကြခြင်းဖြစ်မည်။

ချန်ခယ့်ေယာင်ဖခင် ရုန်ယီ့အကြောင်းကို သိသွားသောအခါ သိသိသာသာပင် သူ့အပေါ်ကောင်းလာ၏။ ရုန်ယီ အခန်းသို့ပြန်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ချေ။

ပါဆယ်ဝယ်လာသော စားစရာမှာ အေးစက်နေပြီဖြစ်၏။ သို့သော်ခုံပေါ်တွင်ထိုင်ကာ ရုန့်ယီအားစိတ်အနှောင့်အယှက်ဖြစ်စေသူအန်ကယ့်သားအကြောင်း ချီးမွမ်းခန်းများကို နားထောင်ပေးနေရ၏။

"ယောင်ယောင်က ကြမ်းတမ်းတယ်ထင်ရပြီးတော့ စကားပြောမတတ်ပေမယ့် တကယ်တော့ စိတ်ရင်းကကောင်းပါတယ်...သူကငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို သင်ထားတာလေ...ဒါပေမယ့် သူများတွေနဲ့ ရန်ဖြစ်တာတွေဘာတွေ မရှိဘူး...သူကလိမ္မာတယ်...အဲ့ဒါအပြင် ကောင်းကောင်းမွန်မွန်ပိုက်ဆံရှာပြီးတော့ ရက်ရက်ရောရောလည်း ရှိသေးတယ်...သူက သေချာပေါက်သူ့လက်တွဲဖော်ကိုချစ်ပေးမယ့်သူမျိုးပဲ အန်ကယ်က ကောင်းကောင်းသိတာပေါ့..."

'အဲ့ဒါဆို ဘာလို့အိုမီဂါအပေါ်အန်ချတတ်တာကိုရော မသိရတာလဲ အန်ကယ်ရယ်..

ရုန်ယီတစ်ကိုယ်တည်း စဉ်းစားလိုက်၏။

ထို့နောက်မှ ရုန် အတင်းလုပ်ပြုံးလိုက်ကာ ပြောလိုက်၏။

"အာ ဟုတ်လားခင်ဗျ.."

"ပြီးတော့ သူက ကလေးတကယ်ချစ်တတ်တာ..."

ချန်းဖခင်ဆက်ပြောပြီး ခေါင်းကိုလည်းညိတ်နေ၏။

"ဒါပေမယ့် သူများကလေးတွေကိုပဲ ချစ်နေတော့ ဘာလုပ်ရမှာလဲ...ဒီတိုင်း လက်ထပ်ပြီးတော့ကလေးယူရမှာပေါ့...ဟုတ်တယ်မလား..."

ရုန်ယီ ပြုံးရန်ကြိုးစားလိုက်ကာပြောလိုက်၏။

"ဟုတ်တာပေါ့.."

"မင်းတို့က နေ့တိုင်းအတူတူနေ အတူတူစားနေတာဆိုတော့ ဆက်ဆံရေးကောင်းကြမှာပေါ့...ဟုတ်တယ်မလား..."

ဖခင်ချန်း သူ့ကိုမျှော်လင့်တကြီးဖြင့်ကြည့်ကာ မေးလေ၏။

"ရှောင်းရုန်ရော...တစ်ယောက်ယောက်ရှိလား...."

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီWhere stories live. Discover now