5

17.4K 816 36
                                    

.......

စိုင်းဟန်လျှမ်း ဘေးခုံမှာထိုင်ကာ  မြန်မာစာ ခက်ဆစ်များ ထိုင်ကျက်နေသော သူငယ်ချင်းဖြစ်သူ ထွန်းလမင်းသာ ကို ခဏခဏ ကြည့်နေမိ၏။

ဒီကောင် ကျွန်တော့်ကို စကားမပြောဘူး။ မနက် ခုံသယ်တုန်းက  အနမ်းခံရတဲ့ကိစ္စကြောင့် စိတ်ဆိုးနေတာ။
အခုမှ ပြောင်းလာတဲ့ငါ့ကို မင်းက ကာကွယ်ရမှာ မဟုတ်ဘူးလား ချောင်ကပ်ပြီး ငါ့ကို နမ်းသွားတာလဲ ရပ်ကြည့်နေတယ် မင်းကို ငါ တီတီနုနဲ့ရော ကိုကြီး ဆိုင်ဟန် နဲ့ပါ တိုင်မယ် ဆိုပြီး  လှေကားနားမှာ အားရတဲ့အထိ ထိုင်ငို ပြီးမှ စိတ်ကောက်ပြီး စကားပါ မပြောတော့တာ အခုဆို ဒုတိယတစ်ချိန်တောင် ပြီးတော့မယ်။ ကျောင်းစဖွင့်ရက်မို့ အလုပ်ရှုပ်နေသော အတန်းပိုင်ဆရာမက ပထမတစ်ချိန်ပဲဝင်ကာ မြန်မာကဗျာ တစ်ပုဒ်သင်ကာ ခက်ဆစ်များ ကျက်ခိုင်းထားခဲ့ခြင်းဖြစ်၏။
ဘေးက စိတ်ကောက်နေတဲ့တစ်ယောက်က အဟွန်း! လုပ်လဲ မရ အဟမ်း!လုပ်လဲ မရနှင့် ။

တော်တော်ကြီးကို ကောက်နေတာ သူ့ ဖင်အတိုင်းပဲ...ဟမ့်!။

အသံထွက်ပြောရင် အဆော်ခံရကိန်းရှိတာမို့
မုန့်စားဆင်းချိန် မုန့်‌ေစျးတန်းခေါ်ကာ မုန့်ဝယ်ကြွေးပါမယ်ဟုပြောကာ ချော့ကြည့်ပါအုန်းမယ်။

"အဟမ်း အိုက်လမင်းသာ သူငယ်ချင်း မုန့်စားဆင်းချိန် ကျရင် မုန့်သွားဝယ်စားမယ်နော် "

"......''

"ကြားလားလို့ အိုက်သာ ငါဝယ်ကျွေးမှာပါကွ "

"......"

"စိတ်မဆိုးပါနဲ့တော့ကွာ မင်းကလဲ  အဲ့ကောင်က လူမိုက်မို့လို့
ငါက ရန်မဖြစ်ချင်တာပါ မားကလဲ အဲ့လိုကောင်တွေက ရိုင်းလို့ မြင်တာနဲ့ အဝေးကရှောင် တုပြီးရန်မဖြစ်နဲ့လို့ မှာထားတာကွ "

"...."

"မင်းက ငါ့ကို စကားမပြောပဲ မနေနဲ့လေကွာ ငါလဲ အထိုးခံရမှာကြောက်တာပေါ့ကွ ဂျပုလို့လဲ အခေါ်ခံရသေးတယ်
မင်းကပါ ငါ့ကို စကားမပြောတော့ ငါ ဝမ်းနည်းတာပေါ့ အီးးးဟီးးး"

"တော်! လုပ်ငို ငိုပြီး ညှစ်ထုတ် မနေနဲ့ မင်းနည်းနည်းတော့ ဝင်ပြောသင့်တာပေါ့ မင်းကမှ ဂျပုပဲ အခေါ်ခံရတာ ငါက အနမ်းခံရတာကွ! "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now