~~~~
ခန့်စေ ရွှန်းသီရိနွယ်ကို ၇ရက်တစ်ပတ် ကြာအောင်ပင် ပိုးပန်းခြင်းမပြုလိုက်ရပါ။ နောက်ဆုံးဘာသာ ဖြေပြီးတဲ့နေ့ အဖြေပေးမယ် ဆိုပြီး ပြန်စာလေး ရလာတာမို့ ကျောင်းအနောက်ဘက် တံခါး၌ စောင့်နေပါ ဆို၍သာ စောင့်ခဲ့ရတာ။ စောင့်ရတာ ဝါသနာမပါပေမယ့်လို့ ကိုယ်က သဘောကျပါတယ် ကြိုက်ပါတယ် ဆိုပြီး ပိုးပန်းထားရတဲ့ကောင်မဟုတ်ပါလား။
တွဲနေတဲ့ ရက်ပိုင်းအတွင်း ကိုယ့်ကို ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ချွဲနွှဲ့တာမျိုး ရှိပေမယ့် အထူးတလည် ရင်ခုန်တာမျိုး မရှိခဲ့ပါ။ တစ်စုံတစ်ယောက်ရဲ့ ရှိရင်းစွဲ အပြုအမူလေးတွေလောက်တောင် တိုးမဝင်တာတော့ အမှန်။
ကိုယ့်ဘက်က အရင်စခဲ့တဲ့ဇာတ်လမ်းကြောင့်သာ ကိုယ်ကပဲ ပြီးဆုံးအောင် သရုပ်ဆောင်နေရမည်မလား။
ရွှန်းသီရိနွယ်နဲ့ ပတ်သတ်လို့ သဘောမကျသည့်အချက်ကို ေပြာပါဆိုရင် လက်ဆယ်ချောင်းတောင် မလောက်ပါ။သန့်စင်ထွန်း၊ ဝဏ္ဏဦး၊ စိုင်းတွမ်ခမ်း ဆိုသည့်သူတွေဟာ ခန့်စေ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာနဲ့ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေမို့ ခန့်စေ ဘယ်သွားသွား ဘာလုပ်လုပ် သူတို့ မပါတာမရှိပါ။ ထို့နည်းတူ သူတို့ ဘာလုပ်လုပ် ခန့်စေမပါတာလည်း မရှိ။
လေးလွှာပေါင်းမှ တစ်ရွက်တည်း ဖြစ်လာတဲ့ ညီအကို ဆက်ဆံရေးတည်ဆောက်ထားတဲ့သူငယ်ချင်းတွေ ။
ဒါကို ရည်းစားအသစ် ချွတ်ဆွတ် လေးက သူ့ကို လာတွေ့ရင် သူငယ်ချင်းတွေ မခေါ်လာခိုင်းတာမျိုး။ သူ့ကို အချိန်မပေးပဲ သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေတာမျိုး မလုပ်ရန် အဖြေပေးတဲ့ရက် ကတည်းက စကားဦး သန်းလာ၏။
ခန့်စေ ဒါမျိုး တစ်ကယ် သဘောမကျတာ အမှန်ပါ။ သူမနဲ့ မပတ်သတ်ခင် မတွေ့ခင်ကတည်းက ခန့်စေ ဘဝထဲမှာ ရှိနေတဲ့
သူတွေမို့ လိုက်ပြီး ကန့်သတ်တာမျိုး မကြိုက်ပါ။ချစ်စရာကောင်းကာ ဖော်ရွေမှုရှိတဲ့ မိန်းကလေးလို့ နာမည်ထွက်ပေမယ့် ခန့်စေအမြင်မှာ ရွှန်းသီရိနွယ်သည် ထိုသို့သော မိန်းကလေးတစ်ယောက်ဟုတ်မနေပါ။
အခြေကြီး အနေကြီးသလို မလိုအပ်လျှင် လူမထင်တဲ့ သူမျိုးပင်။
သူငယ်ချင်းတွေက ခန့်စေ ဘာလုပ်လုပ် ဝင်ပြောတာမျိုး မရှိပေမယ့်
ရွှန်းသီရိနွယ်၏ အပြုအမူ အပြောအဆို တွေကြောင့် အနည်းငယ်
စိတ်ခုတာမျိုး ရှိနေပြီ ဖြစ်သည်။
VOCÊ ESTÁ LENDO
ချစ်ချင်လို့ ချစ်တာ ( Complete)
Romanceခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)