...... .......
လယ်ကွင်းပြင်အလယ် ထီးထီးမားမား သပ္ပာယ်စွာ တည်ရှိနေသော
စေတီတစ်ဆူ။ ကြည်လင်ရှင်းသန့်ကာ ပြာလွင်လွင် ကောင်းကင်ကြီးအောက် တန်ခူးလေ တဖြူးဖြူး လွှင့်ပျံ့နေပြီး
အုံ့ဆိုင်းစိမ်းစိုကာ ဖောက်ပြားသော ဥတုအခြေအနေကြောင့် ကြိုလင့်ကာ ပွင့်လန်းနေသောဖြူလွှလွှ တရုတ်စကားပန်း တချို့။ထိုသို့ကြိုလင့်စွာပွင့်လန်းနေသောတရုတ်စကားပန်းပင်အောက်တွင်
တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ထိုင်နေကြသော ကောင်လေး နှစ်ယောက်။လမင်း အခုရောက်နေတာ လယ်ကွင်းဘုရား ။ ဒီနေရာလေးကို ရောက်လာတာ ဒီအခါနဲ့ ဆိုရင် ဒုတိယအကြိမ်မြောက်ပင်။
ပထမအကြိမ်ရော၊ ဒုတိယအကြိမ် ရော မောင် နဲ့သာ အတူတူ။
ပထမတစ်ခါက ဝါဆိုလပြည့်ည ဆီမီးလာပူဇော်စဉ်က
မောင် သဝန်တိုကာ တဇွတ်ထိုး နမ်းခဲ့သော တရုတ်စကားပန်းပင်အောက် ထိုင်နေသည်မို့ အရင်က မောင့်ကို စိတ်ဆိုးပြီး ဝဏ္ဏ အနားမှာသာ ကပ်နေသည့် လမင်းကို မောင် စိတ်ဆိုးကာ ဒီသစ်ပင်အောက် ခေါ်လာပြီး နမ်းခဲ့တဲ့အကြောင်း ပြန်စဉ်းစားမိတော့ သဘောကျစွာ သတိလက်လွတ် အသံလေးပင်ထွက်အောင် ရယ်မိသွားသည်။
ဒါကို ရင်ခွင်ထဲထည့်ကာ လမင်းကိုဖက်ထားသော မောင်က လမင်းအား ငုံ့ကြည့်ကာ မေးလာ၏။" မောင့်လမင်းလေးက ဘာတွေ သဘောကျနေတာလဲ "
" ဒီအပင်ကြီးကို ကြည့်ပြီး အရင်ကအကြောင်း စဉ်းစားမိသွားလို့"
" အဟွန်း~~~ မောင့် လမင်း အဲ့တုန်းကလို မွမွ ပေးခံချင်နေတာမလား "
" ဘာကို ပေးခံချင်ရမှာလဲ! Noပါနော် "
ရင်ခွင်ထဲမှီနေရင်းမှ မျက်နှာလေးမော့ကာ နှုတ်ခမ်းပါးလေးအား ဆူထော်၍ ရန်တွေ့လာသော အသည်းအသက်လေးက တစ်ကယ်ကို
နာမည်နှင့် လိုက်ဖက်စွာ အေးချမ်းဖွယ်ရာလေး။" လမင်းက Noလည်း မောင်က မရပါဘူး ဒီမျက်နှာလေးကို
မွ မွ ပေးချင်တာ "မောင်က ပြီတီတီလုပ်ကာ ပြောပြောဆိုဆိုနှင့် တစ်ကိုယ်လုံးကို နဂိုကထပ် တင်းကြပ်စွာ ပွေ့ဖက်လာပြီး လမင်းမျက်နှာကို မောင့် နှာခေါင်းချွန်ချွန် တို့ဖြင့် ကျွံဝင်မတက် ဖိနမ်းလာ၏။
YOU ARE READING
ချစ်ချင်လို့ ချစ်တာ ( Complete)
Romanceခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)