......... ........ခန့်စေ၏ အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် ရှည်လျားသော ခြေတံရှည်များကို ပုံပန်းမကျ ဖြဲကားကာ ပက်လက်လှန် လှဲနေသော သန့်စင်ထွန်း ။ ခန့်စေမှာတော့ လေးလေးမှ အခန်းထဲ ထည့်ပေးထားသော ဆိုဖာပေါ်တွင် ဖုန်းအကြည့်မပျက်ပေ။
ကျန်နှစ်ယောက်မှာ အတူတူစားဖို့ဝယ်လာသော မုန့်နှင့် အအေးတို့ကို အောက်ထပ် မီးဖိုခန်း၌ သွားထည့်ကာ ပြင်ဆင်နေသည်မို့ စောင့်နေကြခြင်းဖြစ်၏။ခန့်စေ မနက်ခင်းပိုင်း၌ ဒယ်ဒီတို့နှင့်အတူ ကျောင်းကိစ္စပြောပြီးသည်နှင့် ကျန်သုံးယောက်ကို ဖုန်းဆက်ကာ ပြောစရာရှိသည့်အကြောင်း ဆက်သွယ်ကာ အိမ်သို့ လာခိုင်းသည်မို့
သုံးယောက်သား စားစရာများဝယ်ကာ ရောက်ချလာ၏။ကျွီ~~~~
စားစရာထည့်ထားသော ပန်းကန် နှစ်ချပ်ကို ကိုင်ကာ ဝင်လာသော ဝဏ္ဏ နှင့် အနောက်မှ ကပ်ရပ် ပါလာသော သောက်စရာခွက်နှင့် အအေးဗူးထည့်ထားသော အထုတ်ကို ပြန်သယ်လာတဲ့ အိုက်တွမ်။
ဝဏ္ဏမှာ ဝရံတာဘက် ဦးတည်ကာ လျှောက်နေရင်း ...." ဟေ့ကောင်တွေ ထုံးစံအတိုင်း ဝရံတာမှာပဲမလား "
" အင်း ...."
ဝရံတာ ပြင်အကျယ်ကြီးတွင် အရင်လို ထိုင်စရာ ဒန်း တစ်ခုတည်းမဟုတ်တော့။ ခန့်စေ၏ လေးလေးမှာ သစ်ပင်/ပန်းပင် စိုက်ရသည်ကို သဘောကျသူမို့ ဝရံတာ ပြင် တစ်ခြမ်းလုံးအား အမိုးပြန်မိုးထားကာ စီးပွားဖြစ်ဂမုန်းပန်း မျိုးစုံကို ခပ်ကြီးကြီးအိုးများဖြင့် စနစ်တကျ စိုက်ပျိုးထားကာ ကြိမ်စားပွဲဝိုင်းနှင့် ကြိမ်ထိုင်ခုံများ ချပေးထားခြင်းကြောင့် တစ်ကယ်ကို စိတ်ချမ်းမြေ့စရာလေးဖြစ်နေ၏။ အရင်လို နေလည်းမပူတော့။
ဝရံတာ၏ အပြင်အဆင်မှာ စိတ်ချမ်းသာစရာ အတိဖြစ်နေပါသော်လည်း ထိုအရာနှင့် မလိုက်ဖက်စွာ ဖြစ်တည်နေတာက ခန့်စေနှင့် သန့်စင်ထွန်း မျက်နှာပင်။
" နေပါအုန်း ! မင်းတို့ မျက်နှာတွေက ဘာဖြစ်နေတာလဲ ရှုံ့တွနေတာပဲ ပဲကြီး ရေနူးနေရင်တောင် အဲ့ထပ်လှအုန်းမယ် "
ESTÁS LEYENDO
ချစ်ချင်လို့ ချစ်တာ ( Complete)
Romanceခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)