.......................
ညအစောပိုင်းမှာ စတင်ခဲ့တဲ့ စားသောက်ဝိုင်းလေးဟာ ည ၁၀နာရီမှာ ကိုယ်စီ နှုတ်ဆက် အဆုံးသတ်လိုက်တာမို့ မူးရူးကွဲပြဲကာ
ပြောချင်တာပြောပြီး အိပ်ပျော်သွားသော အိုက်တွမ်ကို ဝဏ္ဏကပဲ အိမ်အထိ လိုက်ပို့ရန် အရင်ပြန်သွားပြီး အစားသောင်းကျန်းပြီး
အိပ်ပျော်သွားသော စိုင်းဟန်လျှမ်းကိုတော့ သန့်စင်ထွန်းက
တစ်လမ်းကျော်မှာတင် ဟန်လျှမ်းအိမ်ရှိတာကို လျစ်လျူရှုလျှက်
သူ့အိမ်ကို မ*သွားပြီမို့ နောက်ဆုံး ကျန်ခဲ့တာက လောလောလတ်လတ် အိမ်ထောင်ပြုထားသော ခန့်စေအတွဲသာ
ကျန်ခဲ့၏။ စားသောက်ထားသည်ကိုတော့ ကျန်ခဲ့တဲ့ ကိုယ်တွေအတွဲကပဲ သိမ်းလိုက်ပါလို့ မမေ့မလျော့ မှာသွားကြသေးသည်မို့~~~" လမင်း.. နားချင်ရင် နားတော့လေ ပင်ပန်းနေရောပေါ့
မောင် ဒါတွေ သိမ်းပြီးရင် လိုက်ခဲ့မယ် "" ဟင်! တစ်ယောက်တည်း မသိမ်းပါနဲ့ လမင်းပါ ကူသိမ်းမှာပေါ့"
" ထားခဲ့ပါကွာ ! အစာကြေဆေးလေး သောက်ပြီး နားနေ
မောင့်လမင်းလေး ဒီနေ့ အရမ်းတွေ စားထားလို့ မောင့်ကို စားဖို့ရော အားရှိပါတော့မလား ဟမ်! "" ဟာ ~~ဘယ်လိုတွေ ပြောနေတာလဲ သွားပြီ
ကိုယ့်ဘာသာ သိမ်းခဲ့တော့ "ရှက်သွားသော မျက်နှာလေးသည် ညမီးအရောင် မှိန်ပြပြ မှာတောင်
ရဲရဲလေး မို့ အရှက်သည်းပြီး အိမ်ပေါ် တက်ပြေးရန် ကြံနေသော
ကိုယ်လေးအား ခါးမှ ဆွဲယူကာ .." ပြွတ်! အေးနေပြီ တက်တော့နော်.."
" ဟွန့် ! ဘီယာနံ့ နံတယ် "
" ဟုတ်ကဲ့ဗျ သွားတိုက်လာခဲ့မယ်ဗျ "
" ကိုယ်လက်သန့်စင် လိုက်အုန်းမယ် "
"အင်း ...မြန်မြန်လုပ် အေးတယ် "
အိမ်ပေါ်အရင်တက်သွားသော အသေးလေးအား ပြုံးကာ ရပ်ကြည့်နေမိရင်း ရှင်းစရာရှိတာများကို ရှင်းလိုက်၏။
ယောကျာ်းလေးတွေချည်း စားသောက်ကြတာမို့ အသောက်အစားလေးကလည်း ပါတော့ ဗူးတွေ၊ပုလင်းတွေက မနည်းမနော။ ကြွက်တွင်း နှစ်ယောက်ဖြစ်တဲ့ ဝဏ္ဏနဲ့ သန့်စင်ထွန်းကြောင့် ကောက်သိမ်းလိုက်ရတဲ့ ဗူးခွံတွေက မနည်းမနော။ အသေအချာ သိမ်းပြီးကာမှ အိမ်နောက်ဘက်ကိုတစ်ခါတည်း သွားလိုက်ပြီး ကိုယ်လက်သန့်စင်ရ၏။
CZYTASZ
ချစ်ချင်လို့ ချစ်တာ ( Complete)
Romansခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)