34

12.5K 540 15
                                    

^ ^ ^ ^ ^

" လမင်း~~မောင့်ကို ဘာစကားမှ မပြောပဲ တစ်ညလုံး ဒီအတိုင်းထိုင်နေတော့မှာလား !!.."

ခန့်စေ ဘေးမှာထိုင်နေသော လမင်းကို ထိုင်ကြည့်နေတာကြာပြီ။ ဘယ်လက်ဖမိုးပေါ် ညာလက်ဖဝါးလေးနဲ့ပွတ်တိုက်လိုက်၊ ညာလက်ဖမိုးပေါ် ဘယ်လက်ဖဝါးလေးနဲ့ ပွတ်တိုက်လိုက်လုပ်နေတာ လက်ကလေးတွေသာ စကားထပြောတတ်ရင် ပြောလောက်တယ် *မီးထပွင့်တော့မယ်*ဆိုပြီးတော့လေ။ ‌ခန့်စေ လမင်းတို့အိမ်ကို ညနေ ၅နာရီခွဲလောက် ကတည်းကရောက်နေတာ။

အိမ်ရောက်တော့လည်း အရင်လို ခြံနားထိ လာကြိုတာ သူ‌ေလးသာ။
ထမင်းစားပြီး အေးဆေးမှ ပြန်ဖို့ပြောလာတဲ့ အန်တီချိုကြောင့်လည်း  ထမင်းအတူတူထိုင်စားသည်အထိ စကားပြောသေးသည်မို့ အခြေအနေမဆိုးလှပေမယ့်  ထမင်းစားပြီး သပြေပင်အောက် လာထိုင်သည့်အချိန်မှ စ၍ တေမိလုပ်နေတာ နာရီဝက်လောက်ရှိနေပြီ။

ခန့်စေမှာ မနေနိုင်တော့တဲ့ အဆုံး ထမေးကာမှ အသံလေးက ထွက်လာတော့၏။

"ဟို~~ ဟိုလေ "

"အင်း ...မောင်နားထောင်နေတယ်!"

"မင်းကလည်း~~~ စိတ်မရှည်တဲ့ လေသံကြီးနဲ့ "

"ဟော် ..."

"မင်းက အခုကျ စိတ်မရှည်တော့ဘူးမလား "

"မဟုတ်ပါဘူးကွာ လမင်း ဘာပြောမလည်း မောင်နားထောင်နေပါတယ်လို့"

"အဲ့တာကလေ ....နောက်နေ့မှ ထပ်လာခဲ့လို့မရဘူးလား "

"ဘာကိုလည်း ..."

"အ...အဖြေပေးဖို့ကိုလေ "

" ဘာလို့လည်း "

" နောက်နေ့မှ ထပ်လာခဲ့လေနော် "

" မောင့်ကို မီတာခ လာကောက်တယ်များ မှတ်နေလား
   အဖြေလာတောင်းနေတာ နေ့ရွေ့ညရွေ့ မလုပ်နဲ့ကွာ "

"  မင်းက အဖြေတောင်းတာလား အကြွေးလာတောင်းတာလား
    လူကို လေသံမာမာနဲ့ အကြွေးရှင်ကြီးအတိုင်းပဲ "

"ကဲ....မောင့် လမင်းရေ   ခင်များလေး ရှက်နေတယ်ဆိုတာ မောင်
  နားလည်တယ်  ဒါပေမယ့် နေ့ရွေ့ညရွေ့တော့ မလုပ်ပါနဲ့တော့ကွာ"

ချစ်ချင်လို့ ချစ်တာ ( Complete)Opowieści tętniące życiem. Odkryj je teraz