24

12.8K 595 5
                                    

𖧷 𖧷 𖧷

တပေါင်းလ၏  လ တစ်ဝက်ကျိုးပြီမို့ စာသင်ကျောင်းများအားလုံး နွေရာသီကျောင်းပိတ်ရက်ရှည်ကြီး ပိတ်ပြီဖြစ်သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတောင် ဖြေဆိုပြီးကုန်ကြပြီ။

လေရူးသည် တသုန်သုန် တိုက်ခတ်လို့ ၊ ရွက်ရင့်တို့သည်  တသောသော ကြွေဆင်းလို့၊ ရှိရှိသမျှ ကျေးငှက်တို့သာ သံသာချိုတေး ဆိုညည်းလို့ လများတကာထဲမှာ တပေါင်း ဟာ အမည်မသိခံစားချက်များ ပြည့်နှက်ကာ လွမ်းဆွတ်ဖွယ်ကောင်းလွန်းလို့ နေ၏။

~~~

နွေရာသီ ကျောင်းပိတ်ရက် သာဆိုသည် ကျောင်းများပြန်ဖွင့်လျှင် တက္ကသိုလ်ဝင်တန်း (၁၀တန်း)ကို တတ်ရောက်ရတော့မည့်
လမင်းနဲ့ စိုင်းဟန်လျှမ်း ကတော့ အခုကတည်းက ကျက်စာ တချို့ကို ကြိုတင် ကျက်ထားနေရပြီ ဖြစ်သည်။

ဆယ်တန်းတတ်ရတော့မည့်သူမို့ အမေက ဟန်လျှမ်းနှင့်အတူ
၄လပိုင်းတွင် စတင်ဖွင့်လှစ်တော့မည့် စာကျက်ဝိုင်း ၊ကျူရှင်တွင် ဟန်လျှမ်းနှင့် အတူ တတ်စေချင်၏။ သို့သော် လမင်း  မှာ အမေ့တစ်ယောက်၏ လုပ်အားဖြင့်သာ အဆင်ပြေပြေ နေနိုင်စားနိုင်နေတဲ့ ဘဝလေးသာမို့ အချိန်တန် လကုန်ရင် သွင်းနေရမည့် ကျူရှင်ဖို့ များကြောင့် ဝန်ပိနေတာမျိုး မဖြစ်စေချင်။
အရင်ကထပ်၊ သူများတကာထပ် ကိုယ်က ပိုကြိုးစားမှရမယ် ဆိုသည့် ခံယူချက်သာ ထားလိုက်သည်။  ကိုယ့်မှာ ကျောင်းစာနှင့် အိမ်အလုပ်လေးကလွဲရင် ဘယ်နားကမှ အပိုဝင်ငွေ ရအောင်လုပ်နိုင်တဲ့ အရည်အချင်းကလည်း မရှိသေး။ အမေ့တစ်ယောက်တည်းရဲ့လုပ်အားသာ ရှိသည် မဟုတ်ပါလား။

အမေ့ကို ကြည့်ရတာလည်း အခုရက်ပိုင်း သိပ်အားမရပါ။ အရင်လို မဟုတ်တော့ပဲ သိသိသာသာ ပိန်ကျလာတဲ့ အမေ့ရဲ့ ခပ်ပြည့်ပြည့် ခန္ဓာကိုယ်လေးက အရင်လို မဟုတ်တော့။ စိုပြေကြည်လင်ပြီး
ဖြူဥနေတတ်တဲ့အမေ့ အသားအရည်တွေဟာလည်း အရင်လို မဟုတ်တော့ မွဲခြောက်ခြောက်နှင့်။   သားအမိနှစ်ယောက်တည်းသာ ရှိတဲ့ ထမင်းဝိုင်းလေးမှာအရင်လို မြိန်ရေယှက်ရေ စားသောက်တတ်တဲ့ အမေ့ကို သိပ်မတွေ့ရတော့ပါ။

ချစ်ချင်လို့ ချစ်တာ ( Complete)Où les histoires vivent. Découvrez maintenant