22

12.7K 615 7
                                    

🍃

ဘာလိုလိုနဲ့ လမင်းတို့ စာမေးပွဲ ဖြေလာတာ နောက်ဆုံး ဘာသာရပ်ဖြေရမယ့် နေ့တောင် ရောက်လာပြီ။
လမင်း နံရံ၌ ကပ်ထားသော နာရီကိုလှမ်းကြည့်လိုက်ရာ အချိန်က ၇:၃၀သာရှိသေးတာမို့ ဝရံတာ၌ ဘောဂ အပုဒ်ကြီးများ ပြန်နွှေးနေရင်း ကျောင်းအတူတူသွားကြမယ့် ဟန်လျှမ်းကို စောင့်နေလိုက်သည်။

သိပ်မကြာလိုက်ပါ ။
Bio ဖတ်စာအုပ်နှင့်ဘောပင်အိတ်လေးကိုင်ကာ ခြံထဲဝင်လာတဲ့
ဟန်လျှမ်းကို မြင်လိုက်ရတာမို့ လမင်းလည်း နွှေးလက်စ စာကို ရပ်ကာ ဘောပင်အိတ်ထဲမှာ ပစ္စည်း စုံ /မစုံ ပြန်စစ်ရင်း မီးဖိုချောင်ထဲမှ အမေ့အား ကျောင်းသွားတော့မည် ဖြစ်အောင် ပြောရသည်။

"အမေ~~ အိုက်လျှမ်းလည်း လာပြီမို့
သား ကျောင်းသွားတော့မယ်နော် "

"ဘောပင်တွေ စုံပြီလား သာသာ မေ့ကျန်ခဲ့မယ်နော်
နောက်ဆုံးတစ်ဘာသာပဲ ကျန်တာ သေချာဖြေ မလောနဲ့ ကြားလား"

" ဟုတ် "

အိမ်ပေါ်တောင် မတတ်တော့ပဲ ခြံထဲမှာ ငုတ်တုတ်ကြီး
စာကြည့်မပျက်တဲ့ ဟန်လျှမ်း။ ပါးစပ်ကလည်း ပွစိရွတ်လို့။
လမင်းနဲ့ ဟန်လျှမ်းက ဘာသာတွဲ မတူတာမို့ အရင်ဘာသာတွေဆို အတူတူစာလုပ်တက်ကြပေမယ့် နောက်ဆုံးဘာသာကိုတော့ ကိုယ့်ဘာသာ ကျက်ကြရတာဖြစ်သည်။ လမင်း မြန်မာလို ဘောဂဗေဒ ဘာသာကို အော်ကျက်နေရချိန် ဟန်လျှမ်းကတော့
အင်္ဂလိပ်လို ဇီဝဗေဒ ဘာသာကို အော်ကျက်လိုက် ပုံဆွဲလိုက်နဲ့။
အခုလည်း သဲကြီးမဲကြီး စာထိုင်ကြည့်နေတာမို့ လမင်းကပဲ အမေ့ကို ပြောပြီး သူ့နား လာရသည်။

"စာတွေရပြီးသား မလား အိုက်လျှမ်း ဘာတွေ ကုန်းကျက်နေတာလဲ"

"ဒီအပုဒ်ပါမှာ သေချာတယ် အိုက်လမင်းသာရဲ့ "

ဖတ်စာအုပ်ထဲက စာပိုဒ်တစ်ခုကို လက်ညိုးထိုးပြလို့သာ ကြည့်လိုက်တာ။ ဘာမှတော့ နားမလည်ဘူး။

"ဆရာမ မေးချင်တာ မေးမှာပေါ့ "

"ညက စာကျက်နေရင်း အိပ်ပျော်သွားတာ အိမ်မက်ထဲမှာ ငါဒီအပုဒ်ကို ဖြေနေတာတဲ့ အဲ့တာကြောင့် ပါလာရင် အမှတ်ပြည့်ရအောင် စာလုံးပေါင်းသေချာကြည့်နေတာ"

ချစ်ချင်လို့ ချစ်တာ ( Complete)Donde viven las historias. Descúbrelo ahora