" လမင်း~~မောင့်ကို ဘာစကားမှ မပြောပဲ တစ်ညလုံး ဒီအတိုင်းထိုင်နေတော့မှာလား !!.."
ခန့်စေ ဘေးမှာထိုင်နေသော လမင်းကို ထိုင်ကြည့်နေတာကြာပြီ။ ဘယ်လက်ဖမိုးပေါ် ညာလက်ဖဝါးလေးနဲ့ပွတ်တိုက်လိုက်၊ ညာလက်ဖမိုးပေါ် ဘယ်လက်ဖဝါးလေးနဲ့ ပွတ်တိုက်လိုက်လုပ်နေတာ လက်ကလေးတွေသာ စကားထပြောတတ်ရင် ပြောလောက်တယ် *မီးထပွင့်တော့မယ်*ဆိုပြီးတော့လေ။ ခန့်စေ လမင်းတို့အိမ်ကို ညနေ ၅နာရီခွဲလောက် ကတည်းကရောက်နေတာ။
အိမ်ရောက်တော့လည်း အရင်လို ခြံနားထိ လာကြိုတာ သူလေးသာ။
ထမင်းစားပြီး အေးဆေးမှ ပြန်ဖို့ပြောလာတဲ့ အန်တီချိုကြောင့်လည်း ထမင်းအတူတူထိုင်စားသည်အထိ စကားပြောသေးသည်မို့ အခြေအနေမဆိုးလှပေမယ့် ထမင်းစားပြီး သပြေပင်အောက် လာထိုင်သည့်အချိန်မှ စ၍ တေမိလုပ်နေတာ နာရီဝက်လောက်ရှိနေပြီ။ခန့်စေမှာ မနေနိုင်တော့တဲ့ အဆုံး ထမေးကာမှ အသံလေးက ထွက်လာတော့၏။
"ဟို~~ ဟိုလေ "
"အင်း ...မောင်နားထောင်နေတယ်!"
"မင်းကလည်း~~~ စိတ်မရှည်တဲ့ လေသံကြီးနဲ့ "
"ဟော် ..."
"မင်းက အခုကျ စိတ်မရှည်တော့ဘူးမလား "
"မဟုတ်ပါဘူးကွာ လမင်း ဘာပြောမလည်း မောင်နားထောင်နေပါတယ်လို့"
"အဲ့တာကလေ ....နောက်နေ့မှ ထပ်လာခဲ့လို့မရဘူးလား "
"ဘာကိုလည်း ..."
"အ...အဖြေပေးဖို့ကိုလေ "
" ဘာလို့လည်း "
" နောက်နေ့မှ ထပ်လာခဲ့လေနော် "
" မောင့်ကို မီတာခ လာကောက်တယ်များ မှတ်နေလား
အဖြေလာတောင်းနေတာ နေ့ရွေ့ညရွေ့ မလုပ်နဲ့ "" မင်းက အဖြေတောင်းတာလား အကြွေးလာတောင်းတာလား
လူကို လေသံမာမာနဲ့ အကြွေးရှင်ကြီးအတိုင်းပဲ ""ကဲ....မောင့် လမင်းရေ ခင်များလေး ရှက်နေတယ်ဆိုတာ မောင်
နားလည်တယ် ဒါပေမယ့် နေ့ရွေ့ညရွေ့တော့ မလုပ်ပါနဲ့တော့ကွာ"
VOUS LISEZ
ချစ်ချင်လို့ ချစ်တာ ( Complete)
Roman d'amourခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)