......... .......
တက္ကသိုလ် ဝင်တန်း စာမေးပွဲ ။
နောက်ဆုံးဘာသာရပ်ကို ဖြေဆိုရသည့် နေ့။လမင်း ကျောင်း၏ ဘယ်ဘက်ခြမ်း ယာယီဝန်ထမ်းအိမ်ရာ ခြံစည်းရိုးနားရှိ အရိပ်ရအပင်အောက်တွင် ထိုင်နေသည်မှာ မနက် ၉နာရီ တစ်နည်းအားဖြင့် လမင်း၏ တပည့်ဖြစ်သူ သီဟမောင်
စာမေးပွဲဖြေဆိုရန် အစစ်ဆေးခံကာ ကျောင်းအတွင်း ဝင်သွားစဉ်ကတည်းကပင် ဖြစ်သည်။တပည့်ဖြစ်သူ နောက်ဆုံးဘာသာကို အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့အတွက် သစ်ပင်အောက် ငုတ်တုတ်ထိုင်ကာ ဆုတောင်းနေရတာ လွန်ခဲ့တဲ့ ၅ရက်ကတည်းပင်။
အဝေးမှာ တပည့်ဖြစ်သူ နည်းတူပင် စာမေးပွဲဖြေဆိုနေရသော
ချစ်ရသူ 'မောင့် အတွက်ပါ ဆုတောင်းနေရသည်မို့ ကိုးကွယ်ရာ
ဘုရားပင် နားငြီးကာ ပူထူနေလောက်မည်။ဖြေဆိုချိန်ပြည့်ဖို့ မိနစ်အနည်းငယ်သာ လိုတော့သည်မို့ လမင်း ထိုင်နေရာမှ ထရပ်လိုက်ကာ ကျောင်းအပေါက်ဝ၏ အနီးနားတွင်
ဖြေဆိုသူသားသမီးများကို စောင့်နေကြသော မိဘများနှင့်အတူ
ရပ်ကာ တပည့်ဖြစ်သူထွက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။သိပ်မကြာလိုက်ခင်မှာပင် ခေါင်းလောင်းထိုးသံကြားလိုက်ရသည်။
ခေါင်းလောင်းသံကြောင့် စောင့်ဆိုင်းနေကြသော မိဘတွေဆီမှလည်း သားသမီးများအား စောင့်ကာ ဖြေဆိုနိုင်ခဲ့ရဲ့လား ဆိုသော ရင်ခုန်မှု ကိုယ်စီဖြင့်မို့ ထိုအနီးအနားတစ်ဝိုက် စကားသံတို့ ညံညံစီနေ၏။လမင်း ကုက္ကိုပင်များ ဝန်းရံထားသော ကျောင်းအဝင်လမ်းမကြီးအား
မျှော်ကြည့်နေစဉ် မေးခွန်းလွှာအား ဝေ့ရမ်းကာ ပြေးထွက်လာသော
တပည့်ကျော် သီဟမောင်.....။တစ်ကယ်ပါပဲ ဒီကလေး ပုဆိုးတောင် ကျွတ်ကျမတတ် ကဆုန်ပေါက်ပြီး ပြေးလာတာများ ။
ကိုယ့်တပည့်မျက်နှာသည် အဝေးကမြင်နေရတာတောင် ပြုံးရွှင်နေတာမို့ ဖြေနိုင်မှန်း သိတာမို့ စိတ်အေးရပြီ။"အကိုလမင်း! ......"
အင့်!....
ကျောင်းသံဗန်း တံခါးနားရောက်သည်နှင့် လမင်းအား အသံပြဲကြီးဖြင့် အော်ခေါ်ကာ ပြေးဖက်ပြီး မပြောမဆိုနှင့် ပွေ့ချီကာ မွှေ့ ရမ်း၏။
အပျော်လွန်ကာ ပြေးလာမှန်း သိပေမယ့် ဒီကလေး ဒီလိုပြုမူမည်မှန်း မသိတာမို့ ၊ တခြားကျောင်းသားများနှင့် မိဘများလည်း ရှိသည်မို့ ရှက်တာနှင့် ပုခုံးအား အားပါပါ ပုတ်ကာ
ပြန်ချခိုင်းရသည်။ တော်သေးသည်...ဘေးနားမှ အန်တီကြီး
တစ်ယောက်က *ဒီညီလေးနှယ် တော်တော်ဖြေနိုင်ပုံပဲ အစ်ကို ဖြစ်သူကိုတောင် အပျော်လွန်ပြီး ပွေ့ချီလို့ပါလား* ဆိုတာကြောင့်
YOU ARE READING
ချစ်ချင်လို့ ချစ်တာ ( Complete)
Romanceခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)